« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၁၉

၁၁၉း၂၇ ကျွန်ုပ်တို့ လူမှုဘဝတွင် တရားဥပဒေ အမျိုးမျိုး ဝန်းရံလျက်ရှိသည်။ သို့သော် ထိုတရားဥပဒေကို ရေးဆွဲ သူတို့သည် ကျွန်ုပ်တို့ အား ထိုဥပဒေသကို လိုက်လျှောက်ရန် မကူညီနိုင်ကြပေ။ ဘုရားသခင်သည် ထိုဥပဒေသကို လိုက်လျှောက်နိုင်ရန် ကူညီလျက်ရှိသည်။ ယင်းသည် သမ္မာကျမ်းစား၏ ထူးခြားချက်လည်း ဖြစ်သည်။ ဘုရားသခင်သည် ထိုဥပဒေသ၊ သြဝါဒများကို ကျွန်ုပ်တို့အား ပေးခဲ့သည်သာမက ထိုကဲ့သို့ အသက်ရှင် နိုင်ရေးအတွက် လိုအပ်သော ခွန်အားကို ဘုရားသခင် ပေးလျက်ရှိသည်။ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အရာမှာ ဘုရားသခင်ကို ဖိတ်ခေါ်ပြီး လမ်းပြတော် မူသည့်အတိုင်း လျှောက်လှမ်းခြင်းပင် ဖြစ်သည်။

၁၁၉း၃၆ လူတို့၏ အသက်တာ၌ ငွေကြေးကြွယ်ဝချမ်းသာ မှုကိုသာ အာရုံစိုက်ကြသည်။ ငွေကြေးက တန်ခိုး၊ အာဏာ၊ အောင်မြင်မှုကို ကိုယ်စားပြုသည်ဟု ထင်တတ်ကြသည်။ ငွေကြေးသည် ကျွန်ုပ်တို့အား အတိုင်းအတာ တစ်ခုအထိ သက်တောင့်သက်သာမှုကို ရစေပါသည်။ လုံခြုံမှု တစိတ်တစ်ပိုင်းကို ရစေပါသည်။ သို့သော် ဤလောကီ ချမ်းသာမှုထက် ပို၍ အဖိုးထိုက်တန်သော အရာမှာ ဘုရားရှင်အား နာခံခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ကောင်းကင် ဘဏ္ဍာဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ စိတ်နှလုံးသည် ဘုရားရှင်ကို အာရုံစိုက်ခြင်းမှသည် ဘုရားသခင် လုပ်ဆောင်စေလိုသော အရာကိုသာ လုပ်ဆောင်ရမည်။ ထိုအရာသည် ထာဝရ ကာလအတွက် အကောင်းဆုံးဖြစ်သည်။

၁၁၉း၄၄-၄၆ ဘုရားသခင်၏ ဥပဒေသသည် ကျွန်ုပ်တို့ကို ချုပ်နှောင်မှု မဖြစ်စေဘဲ၊ ဘုရားသခင် ဖြစ်စေလိုသည့်အတိုင်း လွတ်လပ်မှုကို ဖြစ်စေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းတရား၊ အပြစ်လွတ်ခြင်း တရားတို့ကို ရှာဖွေဆည်းကပ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်တရားနှင့် အပြစ်အတွက် နာကြင်စွာခံစားရမှုကို ကင်းဝေးစေသည်။ ဘုရားသခင်၏ တရားတော်အတိုင်း အသက်ရှင်ခြင်း အားဖြင့်သာလျှင် ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်၏ အစီအစဉ်များကို ပြည့်ဝအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

၁၁၉း၉၇-၁၀၄ ဘုရားသခင်၏ တရားတော်သည် ကျွန်ုပ်တို့ကို ဉာဏ်ပညာနှင့် ပြည့်ဝစေပါသည်။ စစ်မှန်သော ဉာဏ်ပညာသည် ကျွန်ုပ်တို့ အသက်တာကို ပြောင်းလဲသည်အထိ အသိတရားကို ဝင်စေပါသည်။ ဉာဏ်ကောင်းသောသူ၊ အတွေ့အကြုံရင့်ကျက် သူများသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် ပြည့်ဝသူများ မဟုတ်ပေ။ ဉာဏ်ပညာသည် ဘုရားသခင်၏ ညွှန်ပြ၊ သင်ကြားမှုကို နာခံခြင်းမှ ဖြစ်လာရသည်။

Continue… » »


« Prev . . . ၁၁၇ ၁၁၈ ဆာလံ ၁၁၉ ၁၂၀ ၁၂၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.