« Prev . . . ၄၆ ၄၇ ဆာလံ ၄၈ ၄၉ ၅၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၄၈

၄၈း၈ ယေရုရှလင်မြို့ (Jerusalem) သည် အကြိမ်ကြိမ် ပျက်စီးခြင်းကို ခံခဲ့ရပါသော်လည်း ဘုရားသခင်သည် အစဉ်တည်မြဲသော ဘုရားသခင်ဖြစ်ကြောင်း ယေရုရှလင်မြို့သည် ဘုရားသခင် ကျိန်းဝပ်ရာ နေရာဖြစ်ကြောင်း ဖော်ပြထားသည်။

ယေရုရှလင်မြို့ သစ်သည် ဘုရားသခင်ကို ယုံကြည်သော သူများ နေထိုင်ရာ ထာဝရမြို့တော် ဖြစ်တော်မူသည် (ဗျာ ၂၁)။

၄၈း၁၁ ဣသရေလ (Israel) လူမျိုးတို့တွင် ယုဒ (Judah) အမျိုးအနွယ်သည် လူအရေအတွက် အများဆုံး လူမျိုးဖြစ်သည် (ယောရှု ၁၅း၁-၁၂)။ ဒါဝိဒ် (David) သည် ယုဒအမျိုးအနွယ်မှ ဆင်းသက်လာခဲ့သည်။ ယေရုရှလင်မြို့ကို မြို့တော်အဖြစ်၎င်း၊ ဝတ်ပြုရာနေရာ အရပ်အဖြစ် သတ်မှတ်ခဲ့သည်။ သခင်ယေရှုသည် ယုဒအမျိုးအနွယ် ဖြစ်သည်။ ထိုနေရာ ဒေသကား ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာ ကျိန်းဝပ်ရာ အရပ်အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

၄၈း၁၂ ရန်သူတို့သည် ယေရုရှလင်မြို့ကို ဝိုင်းရံ တိုက်ခိုက်သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့အတွက် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ ယေရုရှလင် မြို့သူမြို့သား များက မြို့တော်အား အကာအရံများ စစ်ဆေးခြင်း လှည့်လည်ကြည့်ရှု စောင့်ရှောက်ခြင်း များကို ပြုကြသည်။

ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင်၏ ခံတပ်အုတ်ရိုး ဖြစ်သော ယုံကြည်ခြင်း၊ ဆုတောင်းခြင်း မိဿဟာရ ပြုခြင်းများကို အမြဲမပြတ် ဆောင်ရွက်စစ်ဆေး နေကြရမည် (ဧ ၂း၂၀-၂၂)။ ဘုရားသခင်၏ ကွယ်ကာခြင်းအတွက် ချီးမွမ်းပါ။

၄၈း၁၄ ကျွန်ုပ်တို့အသက်တာ၌ ဆုံးဖြတ်ချက် ချရန်အတွက် ဆက်ခဲသော အချိန်များတွင် ဘုရားသခင်၏ လမ်းညွှန်မှုကို တောင်းခံလေ့ ရှိသည်။ လမ်းပြသူသည် ဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ မည်ကဲ့သို့ ဦးတည် ရမည်ကို နှုတ်ကပတ်တော် တည်းဟူသော လမ်းညွှန်မှုကို လမ်းပြသူ ဘုရားသခင်က ပြသပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသူ ဖြစ်သည်။

Continue… » »


« Prev . . . ၄၆ ၄၇ ဆာလံ ၄၈ ၄၉ ၅၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.