« Prev . . . ၄၇ ၄၈ ဆာလံ ၄၉ ၅၀ ၅၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၄၉
၄၉း၁ ဤကျမ်းပိုဒ်သည် အခြားသော ဆာလံကျမ်းများကဲ့သို့ ချီမွမ်ခြင်းကို ဖော်ပြမထားပဲ ကျွန်ုပ်တို့ လုပ်ဆောင်ရမည်ကို လမ်းညွှန်ပေးထားသည်။ လောကီအရာများ ဖြစ်သော ကြွယ်ဝပြည့်စုံခြင်း၊ ထောင်လွှား ဝါကြွားခြင်းတို့သည် အနတ္တသက်သက် ဖြစ်သည်ကို ဖော်ပြထားသည်။
၄၉း၇ ရှေးအခါက ကျွန်များကိုကယ်ဆယ်ရန် တယောက်သော သူမှ အဖိုးအခပေး၍ ဝယ်ယူရသည် (မာ ၁၀း၄၅၊ ဧ ၁း၇၊ ဟေဗြဲ ၉း၁၂)။ ကျွန်ုပ်တို့ အပြစ်သားများသည် သခင်ခရစ်တော် အဖိုးအခပေး၍ ရွေးဝယ်ယူထား သောကြောင့် အပြစ်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ရသည်။
အသစ်သော အသက်တာဖြင့် ဘုရာသခင်ထံ တိုးဝင်ပါ။ ဘုရားသခင်နှင့် ထာဝရနေနိုင်မည်။ ထာဝရ အသက်တာကို မည်သူမျှ ဝယ်ယူ၍ မရပါ။ ဘုရားသခင်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံမှသာ ရရှိနိုင်ပါသည်။ သင်၏ စည်းစိမ်ဥစ္စာများသည် သင့်အသက်တာကို မကယ်တင်နိုင်ပါ။
၄၉း၁၀ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသညဖြစ်စေ၊ လူတိုင်း မိမိတို့ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများကို သေဆုံးချိန်၌ ထားရစ်ခဲ့ ရမြဲဖြစ်သည်။ မမြဲသော လောကီစည်းစိမ်ကို မစုဆောင်းပဲ၊ ကောင်းကင် ဘဏ္ဍာတည်းဟူသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ နာခံခြင်းနှင့် မိမိအသက်တာကို ဘုရားသခင် နိုင်ငံတော်အတွက် ပါဝင်ဆက်ကပ်ခြင်းကိုသာစုဆောင်းပါ။
« Prev . . . ၄၇ ၄၈ ဆာလံ ၄၉ ၅၀ ၅၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »