« Prev . . . ၄၉ ၅၀ ဆာလံ ၅၁ ၅၂ ၅၃ . . . ၁၅၀ ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၅၁

၅၁း၁ ဒါဝိတ်သည် ဗာသရှေဘ (Bathsheba) နှင့် မှားယွင်းရုံသာမက မိမိအပြစ်ကို ကာကွယ်သည့် အနေဖြင့် ခင်ပွန်း ဥရိ (Uriah) ကိုပါ သေစေခဲ့သည်။ ထိုအရာသည် အခြားသော သူများအတွက် နာကျည်းထိခိုက်မှုကို ဖြစ်စေခဲ့သည်။ သို့သော် နောင်တရ၍ ဘုရားသခင်ထံတော် တိုးဝင်တောင်းပန်ခဲ့သည်။ ဘုရားသခင် ခွင့်မလွှတ်နိုင်သော အပြစ်ဟူ၍ မရှိပါ။ သို့သော် နောင်တနှင့် ပြောင်းလဲရန် ဘုရားသခင် အလိုတော်ရှိပါသည်။ ကျွန်ုပ်တို့ အပြစ်များကို ဘုရားသခင် ခွင့်လွှတ်သော်လည်း အပြစ် အဖိုးအခကို ခံစားကြရမည် ဖြစ်သည် (၂ ရာ ၁၂း၁-၁၃)။

၅၁း၎ ဒါဝိဒ်နှင့် ဗာသရှေဘတို့ မှားယွင်းမှုကြောင့် ယောက်ျားတဦးသာမက ကလေးငယ် တဦးပါ သေးဆုံးခဲ့ရသည်။ ကျွန်ုပ်တို့ပြုသော အပြစ်သည် တဦးတယောက်ကို ထိခိုက်နစ်နာမှု ဖြစ်စေသည့်ပြင် အကျိုးအပြစ်ကို မိမိကိုယ်တိုင် ခံကြရဦးမည်။

အပြစ်ပြုခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ သင်သည် အပြစ်ပြုရာသို့ သွေးဆောင်ခြင်းကို ခံရပါက ဘုရားသခင် အပေါ်ပြစ်မှားမိရန် အစပြုနေပြီဟု သတိရပါ။ ထိုသို့ သတိရခြင်းသည် သင့်အား လမ်းမှန်သို့ ပို့ဆောင်ပေးခြင်း ဖြစ်သည်။

၅၁း၇ ဣသရေလတို့၏ အိမ်တံခါးဝတွင် အသွေးသုတ်၍ အပြစ်စီရင်ခြင်းမှ လွတ်ကင်းရသည် (ထွက် ၁၂း၂၂)။ အသွေးသည် အပြစ်ကို လွန်စေသည်။ အသွေးသုတ်ခြင်းသည် ယုံကြည်ခြင်းကို ပြသသည်။

Continue… » »


« Prev . . . ၄၉ ၅၀ ဆာလံ ၅၁ ၅၂ ၅၃ . . . ၁၅၀ ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.