« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

နိဒါန်း Introduction

အခြေခံသွန်သင်ချက်များ

အပိုင်း (၄) ဆာလံ ၉၀း၁ – ၁၀၆း၄၈

အပိုင်း(၄)ကိုရေးသားခဲ့သူအား အတိအကျမသိရပါ။ ဤအပိုင်းသည် ‘တောလည်ရာကျမ်း Numbers”’ နှင့်ဆင်တူပါသည်။ တောလည်ရာကျမ်းတွင် ဣသရေလနိုင်ငံနှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ ဆက်ဆံရေးကို ဖော်ပြကဲ့သို့ ဤအခန်းများသည် ဘုရားသခင် အုပ်စိုးသော နိုင်ငံတော်နှင့် အခြားသော နိုင်ငံများ၏ ဆကဆံရေးကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သောကြောင့် လောကတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ အဖြစ်အပျက်များ အားလုံးအပေါ် မှန်ကန်သောအမြင်ဖြင့် ရှုမြင်တတ်ရန် လိုအပ်ပါသည်။

အပိုင်း (၅) ဆာလံ ၁၀၇း၁ – ၁၅၀း၆

ဤအပိုင်းကို ဒါဝိဒ်မင်းကြီး အဓိကရေးသားခဲ့သည်။ ‘တရားဟောရာကျမ်း Deuteronomy’နှင့် တူပါသည်။ တရားဟောရာကျမ်းတွင် ဘုရားသခင်နှင့် ဘုရားသခင်၏ ကတိတော်များကို ဖော်ပြသကဲ့သို့ ဤအခန်းများတွင် ဘုရားသခင်၏ ဂုဏ်တော်များကို ချီးမွမ်းခြင်း၊ ဘုရားသခင်၏ ကတိတော်များကို ကျေးဇူးတင် ရေတွက်ခြင်းစသော အကြောင်းအရာများ ပါဝင်သည်။ ဆာလံကျမ်းပါ အချက်များကို ထိုခေတ်အခါက ဂုဏ်တော်ချီးမွမ်းသော သီချင်းအဖြစ် ဝတ်ပြုရာတွင် သုံးသည့်နည်းတူ ၎င်းတို့ကို ယနေ့ဘုရားသခင်အား ချီးမွမ်းသောသီချင်း၊ ဝတ်ပြုသောသီချင်းများအဖြစ် ချီးမွမ်းအသုံးပြုနိုင်ပါသည်။ ဆာလံသီချင်းများသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းမှ ချီးမွမ်းခြင်းများကို ထွက်ပေါ်လာစေပါသည်။

Continue… » »


« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.