« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

နိဒါန်း Introduction

ဆာလံကျမ်းတွင်တွေ့မြင်ရသော အဓိကအကြောင်းအရာများ

(၃) အပြစ်လွှတ်ခြင်းနှင့် ပတ်သက်၍

ဆာလံသီချင်း စာသားများစွာတို့၌ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်သော ဆုတောင်းချက်များကို တွေ့ရသည်။ ကျွန်ုပ်တို့၏ အပြစ်ကို ဘုရားသခင် ရှေ့တော်မှောက်တွင် ဝန်ခံမှုပြုပြီး ထိုအပြစ်များမှ ရုန်းကန်လွတ်မြောက်လိုကြောင်း ဆုတောင်းသော အခါတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ပေးမည်ဟု ကတိတော်များရှိပါသည်။

အပြစ်လွှတ်ရန်ဆုတောင်းခြင်း၏ အရေးကြီးပုံ

ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ရန် အမြဲအသင့် ရှိသောကြောင့် ကျွန်ုပ်တို့ ဆုတောင်းသောအခါ အပြစ်နှင့် ပတ်သက်သော အချက်များကို ရိုးသားတိကျစွာ ဖော်ပြတောင်းပန်သင့်သည်။ အပြစ်လွှတ်ခြင်းကို ရသောအခါ ဘုရားသခင်နှင့် ပိုမိုရင်းနှီးစွာဆက်ဆံလိုစိတ် ရှိရုံသာမက ကြည်လင်သော သြတ္တပ္ပစိတ်နှင့် ဘုရားသခင်ကို ချစ်နိုင်မည်ဖြစ်သည်။

(၄) ကျေးဇူးတင်တတ်ခြင်းနှင့် ပတ်သက်၍

ကျွန်ုပ်တို့တစ်ဦးခြင်းကို ဘုရားသခင် ဂရုပြုခြင်း၊ ကူညီစောင်မခြင်းနှင့် သနားကြင်နာခြင်း ရှိသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်နေရမည်။ ကျွန်ုပ်တို့ကို ကာကွယ်ရုံမျှမက လမ်းပြခြင်း၊ ပို့ဆောင်ခြင်း၊ ခွင့်လွှတ်ခြင်းလည်း ပြုနေသည်။ ဖန်ဆင်းသော အရာများကို သုံးဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဘဝကို ကုံလုံပြည့်ဝစေသည်။

ကျေးဇူးသိတတ်ရန် အရေးကြီးခြင်း

ဘုရားသခင်ကို သိကျွမ်းရခြင်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားရနိုင်ပါသည်။ ထိုခံစားရသော ကျေးဇူးတော်များကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ကို စကားပြောဖန် များလာသောအခါ ကျွန်ုပ်တို့၏ အသက်တာသည် တဆင့်နောက်တဆင့် ရင့်ကျက်လာနိုင်ပါသည်။

Continue… » »


« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.