« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

နိဒါန်း Introduction

ဆာလံကျမ်းကိုဖတ်ရှုရခြင်း၏အကြောင်းရင်း

ဖတ်ရှုရန်
  • နှစ်သိမ့်မှုကိုလိုသောအခါ – ဆာလံ ၂၃
  • ဘုရားသခင်နှင့်ရင်းနှီးစွာ မိတ်သဟာရဖွဲ့လိုသောအခါ – ဆာလံ ၁၀၃
  • အသစ်သောဆုတောင်းမှုကို လေ့လာပြုလုပ်လိုသောအခါ – ဆာလံ ၁၃၆
  • အသစ်သောသီချင်းကို လေ့လာသီဆိုလိုသောအခါ – ဆာလံ ၂၄
  • မိမိကိုယ်ကိုရှင်းလင်းစွာ နားလည်လိုသောအခါ – ဆာလံ ၈
  • တစ်နေ့ပြီးတစ်နေ့ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်လိုသောအခါ – ဆာလံ ၅
  • မိမိအပြစ်အတွက် ခွင့်လွှတ်ခြင်းကို ရလိုသောအခါ – ဆာလံ ၅၁
  • မိမိ၏ တန်ဖိုးကို မိမိကိုယ်တိုင် သိရှိလိုသောအခါ – ဆာလံ ၁၃၉
  • ကျမ်းစာကို အဘယ်ကြောင့် ဖတ်သင့်သည်ကို နားလည်လိုသောအခါ – ဆာလံ ၁၁၉
  • ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလိုသောအခါ – ဆာလံ ၁၄၅
  • ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်ကို သိလိုသောအခါ – ဆာလံ ၁၄၆
  • ဘုရားသခင်၏ စိတ်တော်နှင့် တွေ့လိုသောအခါ – ဆာလံ ၁၅
  • ဘုရားသခင်အား ကိုးကွယ်ထိုက်ကြောင်း သိလိုသောအခါ – ဆာလံ ၁၀၄

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့လေ့လာရန်၊ နားလည်ရန်နှင့် ကျွန်ုပ်တို့၏ အသက်တာ၌ လက်တွေ့ အသုံးချရန်အတွက် ရေးသားထားပါသည်။ ဆာလံကျမ်းကိုလည်း မိမိတို့၏ အသက်တာအတွက် တိုက်ရိုက် အသုံးချနိုင်ပါသည်။ ဆာလံကျမ်းကို မိမိတို့၏ အသက်တာအတွင်း ပို၍လွှမ်းမိုးစေသည်နှင့်အမျှ ဤကျမ်းကို ပို၍ နားလည်လာသည်။ ကျွန်ုပ်တို့သည် လိုအပ်သောအရာ တစ်စုံတစ်ခုကို ရှာဖွေလိုလျှင် ဆာလံကျမ်းကို ဖတ်ရှုပါ။ မကြာမီတွင် တစ်စုံတစ်ယောက်သော သူကို တွေ့ ရှိလာပေမည်။ ဤကျမ်းကို ဖတ်ရှုလာသည်နှင့်အမျှ ဤကျမ်းသည် ကျွန်ုပ်တို့၏ ဘဝအသက်တာ၏ တစိတ်တဒေသ ဖြစ်နေကြောင်း၊ တဖြည်းဖြည်း သိလာသည်။ ဤကျမ်း၌ ကျွန်ုပ်တို့၏ ရင်တွင်းမှ နာကျင်မှုများ၊ တောင့်တမှုများ၊ တွေးတောမှုများ၊ ဆုတောင်းချက်များကို ရေးသားထားပါသည်။ ထိုအရာတို့သည် ဘုရားသခင်မှ ကျွန်ုပ်တို့ကို ဖန်ဆင်းပေးခဲ့သော ပုံသဏ္ဍာန်သို့ ပြန်လည်ရောက်ရှိစေရန် ခေါ်ဆောင်သွားပေမည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော ပုံဏ္ဍာန်မှာ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော လူသား၊ ဘုရားသခင်ကို ချစ်သော လူသား၏ သဏ္ဍာန်ဖြစ်သည်။

~ နိဒါန်းပြီး၏ ~

Continue… » »


« Prev နိဒါန်း ဆာလံ ၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.