❮ မာတိကာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

နိဒါန်း Introduction

အသိပညာ၊ အတွေ့အကြုံတို့ဖြင့် အစိုးရရှေ့နေသည် အမှုကိုပြင်ဆင်သည်။ သက်သေများကို ခေါ်ယူ၍ သက်သေပြသည်။ တရားခံ ဘက်မှပြသော သက်သေများအား သူတို့၏သက်သေ မခိုင်လုံကြောင်းကို ကျွမ်းကျင်စွာ မေးခွန်းများမေးလျက် ပေါ်လွင်စေသည်။ နောက်ဆုံး၌ စေ့စပ်သေချာစွာဖြင့် နိဂုံးချုပ်ပြောကြားလျက် ဂျူရီ (Jury) လူကြီးများအား ဆွဲဆောင်သည်။ ယင်းမှ ‘အပြစ်ရှိသည်’ ဟူသော ဆုံးဖြတ်ချက်များ ပေါ်ထွက်လာပြီး တရားမျှတမှုကို ဖြစ်စေသည်။

ပေါလု (Paul) သည် ဥာဏ်ပညာဖြင့် ပြည့်စုံ၍ စကားပြော ကောင်းပြီး ခေါ်တော်မူခြင်း၌ သစ္စာရှိစွာ လုပ်ဆောင်သည်။ ကျွမ်းကျင်သော ရှေ့နေကဲ့သို့ ဧဝံဂေလိ (Gospels) တရားကို ရှင်းလင်းစွာနှင့် တိတိကျကျပင် ရောမမြို့ (Rome) ရှိ ယုံကြည်သူများထံ ရေးသောစာ၌ ဖော်ပြထားသည်။

ပေါလုသည် ရောမမြို့ရှိ အသင်းတော်နှင့် ပတ်သက်၍ ကြားသိသော်လည်း သူသည်လည်းကောင်း၊ အခြားသော တမန်တော် တို့သည်လည်းကောင်း၊ ထိုမြို့သို့ မရောက်ဖူး ကြပေ။ အမှန်အားဖြင့် ထိုအသင်းတော်သည် ပင်တေကုတ္တေ (Pentecost) နေ့တွင် ယုံကြည်သူ ဖြစ်လာသော ဂျူးလူမျိုး (Jewish) တို့မှ အစပြုခဲ့သည် (တမန် ၂)။ သူတို့၏ ယုံကြည်ခြင်းကို သူတို့သည် ရောမမြို့သို့ ပြန်ရောက်သော အခါ၌ ဖြန့်ဝေခြင်းဖြင့် အသင်းတော်ကို အစပြု တိုးပွားစေခဲ့သည်။

ပေါလုနှင့် ထိုသူများတို့ အကြေား၌ များစွာသော အတားအဆီးများ ရှိနေစေကာမူ ပေါလုသည် ထိုသူတို့အား သံယောဇဉ်ဖြစ်ခဲ့သည်။ ထိုသူတို့သည် ဘုရားရှင်၌ ပေါလု၏ ညီအစ်ကို မောင်နှမများဖြစ်ပြီး ထိုသူတို့နှင့် တွေ့ဆုံလိုခဲ့သည်။ ရောမမြို့ရှိ ယုံကြည်သူ အများစုနှင့် ပေါလုသည် တွေ့ဆုံခဲ့ဖူးခြင်း မရှိသော်လည်း ထိုသူတို့အား ပေါလုက ချစ်သည်။ ပေါလုမှ ဤစာအားဖြင့် မိတ်ဆက်ခဲ့ပြီး သူ၏ ယုံကြည်ခြင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။

တိုတောင်းသော နိဒါန်းကို ပြုပြီးသည့်နောက်တွင် ပေါလုသည် ဧဝံဂေလိ တရားကိုလည်းကောင်း၊ (၁း၃) ထိုတရား၌ သစ္စာရှိခြင်းကိုလည်းကောင်း ဖော်ပြထားသည် (၁း၁၆-၁၇)။ ထို့နောက် လူသားတို့၏ ပျောက်ဆုံးခြင်း၊ ဘုရားရှင်မှ ကြားဝင်ဆောင်ရွက်မှု လိုအပ်ချက်တို့အား တဆင့်စီ စေ့စပ်စွာ ဆက်လက်ရေးသား ထားသည် (၁း၁၈ – ၃း၂၀)။

Continue… » »


❮ မာတိကာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.