❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၁

၁း၁၈ အပြစ်ပြုသော သူတို့အား ဘုရားရှင်သည် အဘယ်ကြောင့် အမျက်ထွက်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားရှင်နှင့် သက်ဆိုင်သော အမှန်တရားအား မိမိတို့၏ စိတ်ကူးယဉ် တွေးတောမှုတို့ဖြင့် အစားထိုး၍ဖြစ်သည် (၁း၂၅)။ ထိုသူတို့သည် ဘုရားရှင်က လူသားအားလုံးတို့အား ဖော်ပြထားသည့် အမှန်တရားများမှ သွေဖည်၍ မိမိတို့၏ တကိုယ်ကောင်း ဆန်သော အသက်တာကို အထောက်အကူပြုမည့် အရာများအားလုံး၌ ယုံကြည်မှုကိုထားသည်။ ဘုရားရှင်သည် အကျင့်သိက္ခာနှင့် ပြည့်ဝသည်ဖြစ်၍ မည်သည့်အပြစ်ကိုမှ သည်းခံလေ့မရှိပါ။ ဘုရားရှင်သည် အကျွန်ုပ်တို့၏ သိလျက်နှင့် ပြုလုပ်သောအပြစ်၊ နားမထောင်မှုတို့ကို မည်သည့်အခါမျှ လျစ်လျူ ပြုလေ့မရှိပါ။ ဘုရားရှင်သည် ကျွန်ုပ်တို့ထံမှ အပြစ်များကို ဖယ်ရှား၍ ကျွန်ုပ်တို့အား ပြန်လည်တည်ဆောက် ပြုပြင်ပေးလိုသည်။ ကျွန်ုပ်တို့ (အပြစ်သား) မှ အမှန်တရားကို ကျွန်ုပ်တို့၏ လိုရာသို့ ဆွဲယူ၍ မတွေးသမျှ ကာလပတ်လုံး အမှန်တရားကို မပစ်ပယ်သမျှ ကာလပတ်လုံး ဘုရားရှင်သည် ကျွန်ုပ်တို့အား ပြုပြင်ပေးနိုင်သည်။ သို့သော် ဘုရားရှင်၏ အမျက်တော်သည် အပြစ်တရား၌ ဆက်လက် ကျင်လည်နေသော သူတို့အပေါ်သို့ ကျရောက်လေ့ရှိသည်။ သင်သည် စိတ်ကူးယဉ် ကမ္ဘာ၌ နစ်မြောနေသူ မဟုတ်ဘဲ ဘုရားရှင်၏ အမှန်တရား၌ ရှိသောသူဖြစ်ရန် သတိပြုပါ။ သင်၏ မကောင်းသော အသက်တာကို ကာကွယ်ရန် အတွက် ဘုရားရှင်၏ အမှန်တရားကို ထိန်ချန်ရန် မကြိုးစားပါနှင့်။

၁း၁၈-၂၀ ဘုရားရှင်၌ မယုံကြည်မှု အပေါ် ချွင်းချက်ပေးထား ခံရသောသူ ရှိပါသလား။ ကျမ်းစာတွင် ထိုကဲ့သို့သောသူ မရှိဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ဘုရားရှင်သည် သူ၏ အသွင်သဏ္ဍာန်ကို ဖန်ဆင်းထားသော အရာများမှ လည်းကောင်း၊ ထိုအရာများ၌လည်းကောင်း၊ ဖော်ပြထားပြီးဖြစ်သည်။ ထိုကြောင့် ဘုရားရှင်အား မသိသောသူမရှိ။ လက်ခံသောသူနှင့် လက်မခံသော သူသာရှိသည်။ သင်သည် မိုက်မဲခြင်းမရှိပါနှင့်။ အပြစ်စီရင်ရာနေ့သို့ ရောက်သောအခါ၌ မည်သို့သော အကြောင်း ပြချက်ကိုမှ သင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ ဤနေ့မှစ၍ သင်သည် ဘုရားရှင်အား စတင်ဝတ်ပြု ချဉ်းကပ်ပါ။

၁း၁၈-၂၀ ဤကျမ်းပိုဒ်များ၌ လူတို့ မေးလေ့ရှိသော မေးခွန်းများကို ပေါလုက ဖြေဆိုထားသည်။ ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ဘုရားသခင်သည် လူတို့အား အထူးသဖြင့် ခရစ်တော်အကြောင်း မကြားဖူးသော သူအား အဘယ်သို့ ငရဲချနိုင်မည်နည်း။ ဘုရားရှင်သည် ဖန်ဆင်းထားသော အရာများ၌ မိမိကိုယ်ကိုမိမိ ဖော်ပြပြီးဖြစ်၍ လူသားအားလုံးတို့က ဘုရားသခင်အား သိနိုင် မြင်နိုင်သည်။ သို့သော် လူသားတို့သည် ထိုအခြေခံ ကျသော ဘုရားရှင်နှင့် သက်ဆိုင်သည့်အသိကို ငြင်းပယ်ခဲ့ကြသည်။ လူသားတိုင်းသည် ဘုရားသခင်ဖြစ်စေလိုသော အရာများအား စိတ်တွင်း၌ သိရှိကြသည်။ သို့သော် လူတို့သည် အသက်မရှင်ခြင်းကို ရွေးချယ်ကြသည်။ လူတို့၏ စိတ်တွင်း၌ ကိုယ်ကျင့်တရားသည် လူတို့ လက်တွေ့လုပ်ဆောင်နေသော အရာများထက် သာလွန်ကောင်းမွန်ခြင်းက ဖော်ပြပါအချက်ကို သက်သေထူလျက်ရှိသည်။ အကယ်၍လူတို့သည် မိမိတို့ အသက်ရှင်လိုသည့်အတိုင်း အသက်ရှင်နိုင်ရန် ဘုရားရှင်၏ အမှန်တရားများကို ပစ်ပယ်လျှင် ထိုသူတို့အား မည်သို့သော ချွင်းချက်ကိုမဆို ပြုရန်အကြောင်းမရှိပေ။ ထိုသူတို့သည် အမှန်တရားအား သိသည်ဖြစ်၍ အမှန်တရားအား ပြစ်ပယ်ခြင်း၏ အကျိုးဆက်ကို ခံကြရမည် ဖြစ်သည်။

၁း၁၈-၂၀ သဘာဝ (ဖန်ဆင်းခြင်း) တရားမှ ဘုရားရှင်အား သိနိုင်သည်ဟုဆိုလျှင် အဘယ်ကြောင့် သာသနာပြုများ လိုအပ်ပါသေးသနည်း။ အဖြေမှာ

(၁) လူတို့သည် ဘုရားရှင်ရှိကြောင်း သိရှိကြသော်လည်း ထိုအမှန်တရားကို လူတို့၏ လိမ်လည်တတ်သော စိတ်ထားမှ မှေးမှိန်စေပြီး၊ ဘုရားရှင်နှင့် မိတ်သဟာရပြုမှုကို ငြင်းပယ်စေသည်။ သာသနာပြုတို့သည် ထိုအမှားကို သိသာထင်ရှား စေလျက် အသက်တာ အသစ်ကို အစပြုရန် လမ်းညွှန်ပေးသည်။
(၂) လူတို့သည် ဘုရားရှင်ရှိကြောင်း ယုံကြည်သော်လည်း ဘုရားရှင်၌ မဆက်ကပ်လိုကြပေ။ သာသနာပြုတို့သည် ထိုသူတို့အား မေတ္တာဖြင့် ပြောဆိုကူညီလျက် လမ်းမှန်သို့ ပြန်လည် ရောက်ရှိ စေသည်။
(၃) သာသနာပြုတို့သည် အပြစ်၏ အကျိုးဆက်ကို ဥပေက္ခာ ပြုနေသူတို့အား မိမိတို့အပြစ်၏ အကျိုးဆက်ကို ရှင်းလင်းစွာ သိလာစေသည်။
(၄) သာသနာပြုတို့သည် (အသင်းတော်အား ပြည့်ဝအောင်) ဘုရားရှင်၏ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို မခံယူမီ မိန့်မှာတော်မူချက်ကို ကူညီ ဆောင်ရွက်ပေးသည် (မဿဲ၂၈း၁၉-၂၀)။
(၅) ဘုရားရှင်သည် သဘာဝအားဖြင့် ဖော်ပြပြီး ဖြစ်သောကြောင့် ယေရှုအားဖြင့် ဘုရားရှင်နှင့် မည်ကဲ့သို့ မိတ်သဟာယပြုနိုင်ကြောင်း ပြောပြရန် တာဝန်သည် သာသနာပြုတို့၏ အရေးကြီးဆုံး တာဝန်ဖြစ်သည်။

ဘုရားရှင်တည်ရှိခြင်းကို သိရှိခြင်းသည် လူတို့အတွက် လုံလောက်မှု မရှိပါ။ ဘုရားရှင်၏ မေတ္တာတော်နှင့် ဘုရားရှင်မှ သူ၏မေတ္တာတော်ကို ပြသခဲ့ပုံများကို လူတို့သည် လေ့လာသိရှိနားလည် ကြရပေမည်။ (၅း၈) မိမိတို့၏ အပြစ်အတွက် ဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်ကြောင်းကို သိရှိရပေမည် (၁၀း၁၄-၁၅)။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.