❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯


« « မာတိကာ Table of Contents

ရောမဩဝါဒစာ Romans

အခန်းကြီး ၁

၁း၂၀ သဘာဝသည် မည်ကဲ့သို့သော ဘုရားမျိုးကို ဖော်ပြနေသနည်း။ သဘာဝသည် ဘုရားရှင်၏ တန်ခိုးစွမ်းရည်၊ ဥာဏ်ပညာ၊ အသေးစိတ်တိကျမှု၊ အစီစဉ်ကျနမှု၊ လှပမှု၊ အစွမ်းထက်သည့် အင်အားများကို ထိမ်းချုပ်ထားမှုတို့ကို ဖော်ပြသည်။ ယင်းကို ယေဘုယျဖော်ပြချက်ဟု ဆိုနိုင်သည်။ ‘အထူးဖော်ပြချက်’ (ကျမ်းစာနှင့် ယေရှုကြွလာခြင်း) မှ ဘုရားရှင်၏မေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် ထာဝရ အသက်အတွက် ကတိတော်များကို သိရှိနိုင်သည်။ ဘုရားရှင်သည် ထိုဖော်ပြချက်နှစ်မျိုးဖြင့် ကျွန်ုပ်တို့အား ရှင်းလင်းစွာ ဖော်ပြထားသောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်အား လုံးဝဥဿုံ ယုံကြည်မှု ရှိလာနိုင်မည် ဖြစ်သည်။

၁း၂၀ ဘုရားရှင်သည် သူ၏သဘော သဘာဝကို ဖန်ဆင်းခြင်း၌ ဖော်ပြထားသော်လည်း လူတို့၏ အပြစ်တရားသည် ထိုဖော်ပြချက်ကို အသွင်တမျိုးဖြင့် မြင်လာစေသည်။ အာဒံ (Adam) ၏ အပြစ်မှ သဘာဝ တရားအား ဘုရားရှင်၏ ကျိန်ခြင်းကို ကျရောက်စေသည် (ကမ္ဘာ ၃း၁၇-၁၉)။ ဆူးပင်အမျိုးမျိုးတို့သည် မြေကြီးပေါ်၌ ပေါက်လျက် သဘာဝ ဘေးအန္တရာယ်တို့သည် အာဒံ၏ အချိန်မှ ကျွန်ုပ်တို့အချိန်အထိ ဖြစ်ပေါ်နေရသည်။ ရောမ ၈း၁၉-၂၁ တွင် ပေါလုမှ ဖော်ပြထားသည်မှာ သဘာဝ တရားသည်ပင်လျှင် ကျိန်ခြင်းမှ လွတ်မြောက်ရန် မျှော်လင့်စောင့်စားနေရသည် (ဗျာဒိတ်၂၂း၃)။

၁း၂၁-၂၃ ပညာရှိတို့သည် အဘယ့်ကြောင့် မိုက်မဲဖောက်ပြန် ကြပါသနည်း။ မိုက်မဲဖောက်ပြန် ခြင်းသည် ဘုရားရှင်နှင့် ပတ်သက်၍ သိရှိသော အရာများကို ငြင်းပယ်ခြင်းဖြစ်သည်။ သူတို့သည် ဘုရားရှင်အား အသက်ကိုဖန်ဆင်းရှင်၊ ဆက်လက်၍ ရှင်သန်စေသော အရှင်ဟုမမြင်ဘဲ၊ မိမိကိုယ်ကိုမိမိ ဤလောကကြီး တစ်ခုလုံး၌ အဓိကကျသောသူ အဖြစ် ရှုမြင်သည်။ ထိုနောက် မိမိတို့၏ လောဘအလိုဆန္ဒကို ကိုယ်စား ပြုသည့် ဘုရားများအား တီထွင်ဖန်တီးကြသည်။ ထိုဘုရားများသည် ရုပ်လုံးအသွင်သဏ္ဍာန် သော်လည်းကောင်း၊ ရည်မှန်းချက်၊ တန်ခိုး၊ သက်တောင့်သက်သာ နေရန် လုပ်ဆောင်မှု အသွင်သော်လည်းကောင်း ဆောင်သည်။ ဘုရားရှင်ကိုပင်လျှင် သူတို့ ဖြစ်စေလိုသော အသွင် သဏ္ဍာန်ကို ဆောင်စေသည်။ ယင်းတို့၌ တူညီသော အချက်မှာ ဘုရားရှင်အား ကိုးကွယ်ခြင်းမဟုတ်ဘဲ ဘုရားရှင်ပြုလုပ်သော အရာများကို ကိုးကွယ်ခြင်း ဖြစ်သည်။ (ရုပ်ဝတ္ထုကိုကိုးကွယ်ခြင်း) ထိုအရာတစ်ခု သင်၌မရှိလျှင် သင်သည်အသက် မရှင်နိုင်ဟု ခံစားရသော အရာရှိပါသလား။ ဘုရားရှင်ထက်ပို၍ ဦးစားပေးရမည့် အရာရှိပါသလား။ ဘုရားရှင်အတွက် အရာအားလုံးကို စွန့်လွှတ်လိုစိတ် ရှိပါသလား။ ဘုရားရှင်သည် သင်၏ အသက်တာတွင် ပထမနေရာ၌ ရှိပါသလား။ သင်သည် ဘုရားရှင်အား ကိုးကွယ်ပါသလား။ သင်၏စိတ်ကူးဖြင့် ပုံဖော်ထားသော ဘုရားများကို ကိုးကွယ်နေပါသလား။

၁း၂၁-၃၂ ပေါလုသည် အပြစ်နွံတွင်းသို့ ပို၍ပို၍ နစ်သွားမှုကို ဖော်ပြထားသည်။ ရှေးဦးစွာ ဘုရားရှင်အား ပစ်ပယ်သည်။ ထို့နောက် မိမိဖြစ်စေလိုသော၊ လုပ်စေလိုသော အရာများကိုလုပ်မည့် ဘုရားများအား ဖန်တီးပြီး၊ ထိုနောက်တွင်ကား အပြစ် (ကိလေသာအပြစ် လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ ရမက်ကြီးခြင်း၊ သူ့အသက်ကို သတ်ခြင်း၊ တော်လှန်ပုန်ကန်၍ ဆန္ဒပြခြင်း၊ သွေးဆောင်ခြင်း၊ စိတ်ပျက်ခြင်း၊ အတင်းအဖျင်းပြောခြင်း) ၏ နွံတွင်းသို့ ကျသွားရသည်။ နောက်ဆုံး၌ ဘုရားရှင်အား မုန်းတီးလျက် အခြားသူများအား ထိုသို့ပြုရန် တိုက်တွန်းအားပေးသည်။ ထိုကဲ့သို့ အဆိုးဘက်သို့ ပို၍ပို၍ ရောက်ရှိအောင် ဆောင်ရွက်သူမှာ ဘုရားသခင် မဟုတ်ပါ။ ဘုရားရှင်သည် သူ့အား ပစ်ပယ်သူတို့အား သူတို့၏ စိတ်အလိုဆန္ဒအတိုင်း အသက်ရှင် ခွင့်ပြုခြင်းသာ ဖြစ်သည်။ ထိုမှ အပြစ်၏ အကျိုးသက်ရောက် မှုကို ခံစားစေသည်။ အပြစ်နွံတွင်းသို့ ကျရောက်သွားသော မည်သူမျှ မိမိကိုယ်ကိုမိမိ ပြန်လည် မကယ်ထုတ်နိုင်ပေ။ အပြစ်သားသည် ခရစ်တော်အား လုံးဝယုံကြည် ကိုးစားခြင်းဖြင့်သာ ထိုနွံမှ ပြန်လည်ထွက်မြောက် လွတ်မြောက်နိုင်သည်။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.