« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ်

ဓမ္မဟောင်းကျမ်းမှ ကျမ်းပိုဒ်များ

ထွက်မြောက်ရာကျမ်း (Exodus) ၃၅း၅

သင်တို့တွင် ထာဝရ ဘုရားသခင်အား လှူသောအလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည် ရွှေ၊ ငွေ၊ ကြေးဝါ… ဆောင်ခဲ့ကြလော့။

ယောရှုမှတ်စာ (Joshua) ၁း၈

ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလို့ငှါ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။

ရာဇဝင်ချုပ်ပဌမစောင် (1 Chronicles) ၂၉း၉

လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရ ဘုရားအား ပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။

ဧဇရမှတ်စာ (Ezra) ၇း၁၀

အကြောင်းမူကား ဧဇရ (Ezra) သည် ထာဝရ ဘုရားသခင်၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ (Israel) အမျိုး၌ သွန်သင်ခြင်းငှာ၎င်း သဘောကျသောသူဖြစ်၏။

ဆာလံကျမ်း (Psalms) ၁၉း၇-၈

ထာဝရ ဘုရားသခင်၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရ ဘုရားသခင်၏ သက်သေခံတော် မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရ ဘုရားသခင်၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရ ဘုရားသခင်၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.