ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
ဓမ္မဟောင်းကျမ်းမှ ကျမ်းပိုဒ်များ
ဆာလံကျမ်း (Psalms) ၁၀၇း၂-၃
ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍… စုသိမ်းသောသူ တည်းဟူသော… သူတို့သည်ဝန်ခံကြစေ။
သုတ္တံကျမ်း (Proverbs) ၃း၉
သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
ဟေရှာယအနာဂတ္တိကျမ်း (Isaiah) ၅၅း၁၀-၁၁
မိုယ်းရေနှင့် မိုယ်းပွင့်တို့သည် မိုယ်းကောင်းကင်မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်း၊ ပေးမည့်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့ ထို့အတူ ငါ၏ နှုတ်ထွက်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ၊ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
ယေရမိအနာဂတ္တိကျမ်း(Jeremiah) ၁၇း၅
ထာဝရဘုရားသခင် မိန့်တော်မူသည်ကား လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားသခင် ထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။