« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

သင်ခန်းစာ (၁)

ခရစ်တော်၌အသက်ရှင်ခြင်း

ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းထိုသူ၌ တည်၏။ ထိုသူသည် များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ

ယော ၁၅း၅

ခိုင်ခန့်စိမ်းစိုသော စပျစ်ကိုင်းများတွင် စပျက်သီးများ အခိုင်လိုက် တွဲကျနေခြင်းသည် ဣသရေလနိုင်ငံ (Israel) တွင် သမရိုးကျမြင်ကွင်း တခုပင်ဖြစ်သည်။ သခင်ယေရှုသည် မိမိနှင့် ယုံကြည်သူများ အစဉ်အမြဲ ဆက်နွယ်နေပုံကို ဤဥမာအားဖြင့် ဖော်ပြခဲ့သည်။ အကိုင်းတစ်ခုအား အပင်မှ ဖြတ်တောက်လိုက်လျှင် ထိုအကိုင်းသည် ဆက်လက် မရှင်သန်နိုင်၊ အသီးမသီးနိုင်တော့ သကဲ့သို့ သင်၏ သီးပွင့်ပြီးသော၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော အသက်တာကို ရှင်ရန် စွမ်းအင်သည်လည်း သခင်ယေရှုနှင့် နီးကပ်စွာ အသက်ရှင်ခြင်း (တည်နေခြင်း)၏ တိုက်ရိုက် အကျိုးရလဒ်ပင် ဖြစ်ပေသည်။

သင်၏ အတွေးအခေါ်များ၊ အလိုဆန္ဒများ၊ ပေါင်းသင်းဆက်ဆံမှုများနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် သခင်ခရစ်တော်အား ပထမဦးစားပေးရန် အလွန် အရေးကြီးလှပေသည်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆း၃၃)

သို့ရာတွင် ခရစ်တော်၌ သင်မည်ကဲ့သို့ တည်နေနိုင်မည်နည်း။ (၁ ယော ၂း၆) တွင် ဖော်ပြထားပါသည်။ “ထိုသခင်၌ ငါတည်၏ ဟုဆိုသော သူသည် ထိုသခင် ကျင့်တော်မူသည် နည်းတူကျင့်ရမည်” ဘုရားသခင်က နှုတ်ထွက်စကားတော်ထဲ၌ သူ၏အလိုတော်ကို ဖော်ပြထားရာ အလိုတော်အတိုင်းနေ့စဉ် နာခံလုပ်ဆောင်ရန်ပင်ဖြစ်သည်။ ခရစ်တော်ကဲ့သို့ ကျွန်ုပ်တို့လုပ်ဆောင် ရမည်ဟု ဆိုလိုခြင်းဖြစ်၏။ “အကြောင်းမူကား နှစ်သက်တော်မူသော အမှုကို အစဉ်မပြတ် ငါပြုသည်ဟု မိန့်တော်မူ၏။” (ယော ၈း၂၉)


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.