ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၂
သင်ခန်းစာ (၃)
ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်း
ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏
ရောမ ၈း၁၄
သင်သည် ခရစ်ယာန်တစ်ဦး ဖြစ်လာသည့်အခါ သင်၏ စိတ်နှလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်ရာ အိမ်ဖြစ်လာသည်။ ဤအချက်ကို သင်သေချာပေါက် ယုံကြည်စိတ်ချနိုင်ပါသည်။ “အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း မသိကြသလော။” (၁ ကော ၆း၁၉) ဟု ရှင်ပေါလု (Paul) ပြောခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်ယာန်များ အထဲ၌ နေထိုင်ရုံသာမက သူတို့အားဖြင့် အသက်ရှင်လိုသော ဆန္ဒလည်းရှိပေသည်။ “သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင် ဝိညာဉ် ပကတိအတိုင်း ကျင့်ကြံကြကုန်အံ့။” (ဂလာ ၅း၂၅)
သင်သည် သန့်ရှင်းသော ဝိညာဉ်တော် ပိုမိုပြည့်ဝစွာ ခံစားလိုလျှင် အလိုတော်ကို ဝန်ခံပြီး သင့်အား ဘုရားသခင် ဖော်ပြလာသော အပြစ်များကို ဝန်ချလျှက် စွန့်ပစ်ပါ။ ထိုကဲ့သို့ လိုက်လျှောက်သောအခါ ဝိညာဉ်တော်သည် သင့်အား ခရစ်တော်နှင့်တူသူ တစ်ဦးဖြစ်စေရန် ပြောင်းလဲမည်ဖြစ်ပြီး ဘုရားသခင့် ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူခြင်းသည် အဘယ်အရာဖြစ်ကြောင်း သင်သိရှိနားလည် လာပေမည်။
ဤကျမ်းပိုဒ်အား ဆင်ခြင်အောက်မေ့စဉ်တွင် သင့်အား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်လုပ်ဆောင် ပေးနိုင်သောအရာ အားလုံးအတွက် ကျေးဇူးတော် ချီးမွမ်းပါ။