« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

သင်ခန်းစာ (၈)

ရက်ရောစွာ ပေးကမ်းတတ်သောအသက်တာ၌ အသက်ရှင်ခြင်း

လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏

၂ ကော ၉း၇

ဘုရားသခင်၏ မကုန်ခမ်းနိုင်သော ကြွယ်ဝချမ်းသာခြင်းသည် သင့်အတွက် အသင့်ရှိနေသည်။ ဘုရားသခင်၏ သားသမီး တစ်ဦးအနေဖြင့် ဝိညာဉ်ရေးရာနှင့် ပစ္စည်းဥစ္စာပိုင်း၌ ဘုရားသခင် ပိုင်ဆိုင်သည့် အရာအားလုံးအတွက် သင်သည် အမွေစားအမွေခံ ဖြစ်သည်။ “သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏… ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။” (ရော ၈း၁၇)

ခရစ်တော်သည် ကောင်းကင် ဘုန်းစည်းစိမ်ကို စွန့်လွှတ်ပြီး ကမ္ဘာလောကသို့ ကြွလာခြင်းမှာ ဤရည်ရွယ်ချက် အတွက်ကြောင့် ပင်ဖြစ်သည်။ “အကြောင်းမူကား ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲ ခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။” (၂ ကော ၈း၉)

သင်၌ရှိသော ဥစ္စာပစ္စည်းများကို လိုအပ်သည့်သူများအား ရက်ရောစွာ ပေးကမ်းခြင်းအားဖြင့် ဘုရားသခင်အား သင်ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ပေသည်။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ အဘိုးအခ မယူဘဲ ပြန်လည်ပေးကမ်းရန် သခင်ယေရှုက သွန်သင်ခဲ့သည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.