« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ်

သင်ခန်းစာ (၁)

လူသည်မုန့်အားဖြင့်သာ အသက်မရှင်

တစ်ဦးတစ်ယောက်နှင့် မိတ်ဆက်ပေး ခံရသောအခါ မေးခွန်းနှစ်ခု စိတ်ထဲ၌ ပေါ်လာလေ့ရှိသည်။ ၎င်းတို့မှာ-
“သူဘယ်သူလဲ” “သူဘာအလုပ် လုပ်သလဲ”

အရှင်ယေရှုခရစ် အကြောင်းကို ကျမ်းစာထဲတွင် ရှာဖွေလေ့လာစဉ်တွင် ဤမေးခွန်းများအတိုင်း စူးစမ်းသိမြင်လိုပေမည်။ “လူတွေက ငါ့ကို ဘယ်သူလို့ ပြောကြသလဲ” ဟု ယေရှုခရစ်တော်ကိုယ်တိုင် သူ့တပည့်တော်များကို မေးခဲ့ဘူးသည်။ သူတို့၏ အလွဲလွဲအချော်ချော် ထင်မြင်ချက်များကို တင်ပြပြီးသည့်နောက်တွင် “သင်တို့ကော၊ ငါ့ကိုဘယ်လို ယူဆသလဲ” ဟု ယေရှုက မေးလိုက်၏။

ထိုခေတ်အခါက ဤမေးခွန်းသည် အရေးကြီးသကဲ့သို့ ယနေ့လည်း အရေးကြီးလျက် ပင်ရှိသေး၏။ ဤမေးခွန်း၏ အဖြေသည် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခံဖြစ်ပြီး ဤကျမ်းစာ လေ့လာခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပါသည်။ ပထမဦးဆုံး “အရှင်ယေရှု ခရစ်တော်သည် ဘယ်သူလဲ” ဟူသောမေးခွန်းကို လေ့လာပြီးလျှင် သင်ခန်းစာ (၂) တွင် “အရှင်ယေရှုခရစ်တော် ဘာလုပ် ခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို ဆက်လက်လေ့လာပါမည်။

အရှင်ယေရှု၏ လူ့ဇာတိ (Human nature)

၁။ ဘုရားသခင့်သားတော် ယေရှု၏ ဖွားမြင်ခြင်းကို ဘယ်လိုဖော်ပြ ထားသလဲ။ (ဂလာတိ ၄း၎-၅)
အဖြေ (နမူနာ) – ဘုရားသခင်က စေလွှတ်လိုက်ပြီး လူမိခင်ကနေ မွေးဖွားလာတယ်။

၂။ ဘယ်အရပ်မှာ အရှင်ယေရှု ဖွားမြင်ခဲ့သလဲ။ (မဿဲ ၂း၁)
______________________________

အရှင်ယေရှု၏ ဖွားမြင်ခြင်း အကြောင်းစုံကို သိနိုင်ရန် မဿဲ ၁း၁၈ -၂း၁၂ နှင့် လုကာ ၁း၂၆ -၂း၂၀ ကို ဖတ်ရှုပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.