ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
သင်ခန်းစာ (၁)
လူသည်မုန့်အားဖြင့်သာ အသက်မရှင်
၉။ ယော ၈း၄၆ တွင် ဂျူး (Jew) တွေကို အရှင်ယေရှုက
______________________________
______________________________ ဟု စိန်ခေါ်ခဲ့၏။
အရှင်ယေရှု၏ ဘုရားဇာတိ
လူအချို့က အရှင်ယေရှုကို ကြီးမြတ်သော ပုဂ္ဂိုလ်ဟု ပြောကြ၏။ အချို့တို့က ကိုယ်တော်ကို ဘာသာသစ်တစ်ခုကို တည်ထောင်သူ ဟု၎င်း၊ ပရောဖက် (Prophet) တပါးဟု၎င်း ထင်ကြ၏။ သို့သော် အရှင်ယေရှု ကိုယ်တော်တိုင်က မိမိသည် ဘုရားသခင်ဖြစ်ကြောင်း မိန့်ကြားခဲ့၏။ အကယ်၍ ဤစကားမမှန်ခဲ့သော် ကိုယ်တော်ကို သူတော်ကောင်းဟူ၍ပင် မခေါ်ထိုက်ပေ။ အတုအယောင် လိမ်လည်သူ တစ်ဦးသာဖြစ်မည်။
အရှင်ယေရှု၏ ဖွားမြင်ခြင်းကို နှစ်ပေါင်း (၇၅၀) ကြိုတင်၍ ပရောဖက်ဟေရှာယ (Prophet Hosea) က ဟောကြားခဲ့သည်။ “. . . နာမတော်မူကား၊ အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင်”။ (ဟေရှာယ ၉း၆)
၁၀။ ခမည်းတော်က သားတော်ယေရှုခရစ်ကို မည်သို့ခေါ်သလဲ။ (ဟေဗြဲ ၁း၈)
______________________________
၁၁။ ယော ၅း၂၃ အရ ယေရှုသည် ဘယ်သူနှင့် ဘုန်းတန်ခိုး အဆင့်အတန်း တူသလဲ။
______________________________
၁၂။ အရှင်ယေရှုသည် မုန်တိုင်းနှင့် ပင်လယ်အပေါ် တန်ခိုးအာဏာ ရှိကြောင်း တပည့်တော်တို့ မြင်သောအခါ ဘာလုပ်ခဲ့ကြသလဲ။ (မ ၁၄း၂၂-၂၃)
______________________________
၁၃။ အရှင်ယေရှုအား ဘယ်လိုခေါ်ဖို့ သောမ (Thomas) အား ခွင့်ပြုခဲ့သလဲ။ (ယော ၂၀း၂၇-၂၈)
______________________________
“အကယ်၍ အခန်းထဲသို့ ဆိုကရေးတီး ဝင်လာလျှင် ကျွန်ုပ်တို့အားလုံး မတ်တပ်ရပ် ဂုဏ်ပြုကြပေမည်။ သို့သော် အခန်းထဲသို့ အရှင်ယေရှုခရစ် ကြွလာခဲ့လျှင် ကျွန်ုပ်တို့အားလုံး ပျပ်ဝပ်၍ ကိုယ်တော်ကို ကိုးကွယ်ကြပေမည်။”
အရှင်ယေရှု ခရစ်၏ ဘုရားသခင်ဇာတိအကြောင်းကို ဟေဗြဲ ၁ နှင့် ကော ၁း၁၅-၂၀ တွင် ပိုမိုလေ့လာ သင်ယူပါ။