ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
သင်ခန်းစာ (၃)
ခရစ်တော်၌ရှိသော ထာဝရအသက်
လူတိုင်း အပြစ်ရှိသောကြောင့် ဝိညာဉ်သေခြင်း၊ ဘုရားသခင်နှင့် ထာဝရ ကင်းကွာခြင်း တည်းဟူသော အပြစ်၏ အကျိုးဆက်များကို ခံရကြ၏။ အရှင်ယေရှု ခရစ်တော်ထံမှ ထာဝရအသက်ကို လက်မခံသော သူတို့သည် ဘုရားရှင်နှင့် ယခုဘဝ၌ အဆက်ပြတ်ရုံသာမက၊ နောင်ထာဝရ ကာလပတ်လုံး အဆက်ပြတ် နေဦးမည်ဖြစ်သည်။
၆။ ဘာအကြောင်းနှစ်ရပ်ကို တမန်တော်ရှင်ပေါလု (Apostle Paul) အလေးအနက်ထားကာ ဟောသလဲ။ (တမန် ၂၀း၂၃)
______________________________
ထာဝရအသက်ကို ဘယ်လိုလက်ခံရမလဲ
၇။ ကယ်တင်ခြင်းရဖို့ ဖိလိပ္ပိထောင်မှူး (Philippians) ကို ဘာလုပ်ရမည်ဟု ရှင်ပေါလု ပြောခဲ့သလဲ။ (တမန် ၁၆း၃၀-၃၁) အဖြေမှန်ကို မျဉ်းသားပါ။
(က) ရှင်ယေရှုအား ဆက်ကပ်၍ အစေခံပါ။
(ခ) ဖြောင့်မတ်စွာ အသက်ရှင်ပါ။
(ဂ) အရှင်ယေရှုခရစ်ကို ယုံကြည်လက်ခံပါ။
(ဃ) အကျဉ်းသားများအား ဖိနှိပ်ခြင်းကို ရပ်ဆိုင်းပါ။
၈။ ရှင်ယေရှုကို ယုံကြည်သော သူတို့အား ကိုယ်တော်က ဘာကတိ ပေးထားသလဲ။ (ယော ၁၁း၂၅)
______________________________
၉။ ခရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်သောအခါ ဘာရသလဲ။ (တမန် ၁၀း၄၃)
______________________________
၁၀။ အရှင်ယေရှုခရစ်ကို ယုံကြည်အားကိုးလျှင် အခြားဘာရသေးသလဲ။ (တမန် ၂၆း၁၈)
______________________________
ကယ်တင်ခြင်းနှင့်ဆိုင်သော ယုံကြည်ခြင်းသည် ယေရှုခရစ်တော်နှင့် ပတ်သက်သော အကြောင်းအချက်များကို ယုံကြည်ပါသည်ဟု သဘောတူရုံမျှထက် ပိုပါသည်။ ကယ်လွှတ်ခြင်းရရန် အပြစ်မှ လှည့်ထွက်ပြီး အရှင်ယေရှုကို လုံးဝအားကိုးခြင်းကို ဆိုလိုပါသည်။ မြစ်အပေါ်ဖြတ်ကူးသော တံတားသည် ခိုင်ခံ့စိတ်ချရသည်ဟု သင် သဘောတူကောင်း တူနေမည်။