ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၃
သင်ခန်းစာ (၃)
ခရစ်တော်၌ရှိသော ထာဝရအသက်
သို့သော် မိမိအသက်ကို အပ်နှံလျက် တံတားပေါ်သို့ ခြေချဖြတ်ကူးခြင်း မရှိမချင်း၊ ဤတံတားကို သင်စိတ်ချသည်ဟု မခေါ်ဆိုနိုင်ချေ။ အရှင်ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသည် ဆိုခြင်းမှာ သင့်ထာဝရရှေ့ရေးကို ကိုယ်တော်ထံ လုံးဝအပ်နှံခြင်းကို ဆိုလိုပါသည်။ ခရစ်တော်ကို သင်ယုံကြည်အားကိုးသည့်အခါ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရပါသည်။ အပြစ်ဒဏ် စီရင်ခြင်းမှလွတ်ပြီး ထာဝရအသက်ကို ရရှိပါသည်။
၁၁။ ယောဟန် ၁း၁၂-၁၃ အရ ကိုယ်တော်၏ နာမတော်ကို ယုံကြည်ခြင်းသည်
(က) __________________ ခြင်းနှင့်တူသည်။
(ခ) __________________ ၌ မွေးဖွားခြင်းဖြစ်သည်။
၁၂။ ဘယ်သူတွေ ထာဝရအသက် ရကြသလဲ။ (၁ ယော ၅း၁၁-၁၂)
(က) ထာဝရအသက်ကို သင်ရရှိပြီးပြီလား။
______________________________
(ခ) အကယ်၍ ရရှိပြီးလျှင် သင်ဘယ်လိုသိသလဲ။
______________________________
၁၃။ ကယ်တင်ခြင်းရဖို့ ကျွန်ုပ်တို့၏ ကောင်းမှုကို ဘုရားသခင် ခွင့်မပြုရခြင်း အကြောင်းရင်းတစ်ခုကား အဘယ်နည်း။ (ဧဖက် ၂း၉)
______________________________
ထာဝရအသက်ရဖို့ အကျွန်ုပ်ဘာလုပ်ရမလဲ
ကုသိုလ်ကောင်းမှုဖြင့် ရမည်ဟုတစ်ချို့ထင်ကြ၏။ မိမိကိုယ်စား ခရစ်တော်ခံပေးခြင်းဖြင့်သာ ရမည်ဟု ဘုရားသခင်ကပြောသည်။ အကျင့်သီလဖြင့် ရမည်ဟုတချို့ကပြောသည်။ ကားတိုင်အားဖြင့်သာ ရမည်ဟု ဘုရားသခင်ကပြောသည်။ ရဲရင့်ခြင်းသတ္တိဖြင့် ရမည်ဟုတချို့ကယူဆကြ၏။ ခရစ်တော်အားဖြင့်သာ ရမည်ဟု ဘုရားသခင်ကပြောသည်။ ကြိုးစားခြင်းဖြင့်ရမည်ဟု တစ်ချို့ထင်ကြ၏။ ယုံကြည်အားကိုးခြင်းဖြင့်သာ ရမည်ဟု ဘုရားသခင်ကပြောသည်။