« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ်

သင်ခန်းစာ (၃)

ခရစ်တော်၌ရှိသော ထာဝရအသက်

ဤစာအုပ်ကို လေ့လာခြင်းဖြင့် အရှင်ယေရှုခရစ်နှင့် ထာဝရအသက်အကြောင်း သင်သိခွင့်ရခဲ့ပြီး၊ သင်သိပြီးသလောက် အခြားသူ တစ်ဦးတစ်ယောက်ကို ပြန်ပြောပြ နိုင်ပါသလား။ ဤသင်ခန်းစာ (၃) ခုရှိ အမေးအဖြေများကို အသေးစိတ် ပြန်ဆင်ခြင်စဉ်းစားပါ။

သင်ဆက်လက်လေ့လာစဉ်တွင် အောက်ပါရေးကြီးသော

ခရစ်ယာန် အသက်ရှင်မှုအတွက် လမ်းညွှန်ချက်များ

ကို သတိပြုပါ။ 

ကျမ်းစာ နေ့စဉ်ဖတ်ပါ

ဤအရာသည် သင့်ဝိညာဉ်အစာဖြစ်၏။ ခရစ်ယာန်တစ်ဦး အနေဖြင့် သင့်တိုးတက်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း အပေါ် တိုက်ရိုက်မူတည် နေပါသည်။ ဓမ္မသစ်ကျမ်းမှ ရှင်ယောဟန် (John) ခရစ်ဝင် (သို့) ရှင်မာကု (Mark) ခရစ်ဝင်ကျမ်းကို စတင်ဖတ်ရှုဖို့ ကျွန်ုပ်တို့ အကြံပြုလိုပါသည်။ နေ့စဉ် အခန်းကြီး တစ်ခန်း (သို့) တစ်ခန်းထက်ပို၍ ဖတ်ရှုစဉ်းစား ဆင်ခြင်ရန် သီးသန့်အချိန်ဖယ်ထားပါ။

နေ့စဉ် ဆုတောင်းပါ

ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် အခြားနည်းလမ်း တစ်ခုဖြစ်သည်။ သင့်အား ကိုယ်တော်လုပ်ဆောင် ပေးသမျှ အားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ သင်လုပ်ဆောင်သမျှ၌ ဥာဏ်ပညာ၊ မစခြင်းနှင့် လမ်းပြပဲ့ပြင်ခြင်း ရရန်အတွက် ကိုယ်တော်ထံ တောင်းခံပါ။

ဘုရားကျောင်း မှန်မှန်တက်ပါ

အခြားခရစ်ယာန်များနှင့် မိဿဟာယဖွဲ့ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်သည်။ အခြားသူများကို ကူညီမစရန်၊ သွန်သင်ရန်၊ တိုက်တွန်းအာပေးရန် ခရစ်တော် အလိုရှိ သကဲ့သို့ သင့်အတွက် လိုအပ်သော အရာလည်းဖြစ်၏။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.