« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

နိဒါန်း Introduction

ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း

ယုံကြည်သူအသစ်များ ကြုံတွေ့နေရသည့် စုံစမ်းခြင်းများအား သင်လည်း ကြုံတွေ့ရမည်မှာ ဧကန်မုချပင်ဖြစ်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် နည်းလမ်းတစ်ခုဖြစ်သော နှုတ်ထွက်စကားတော်ဖြင့် ထိုစုံစမ်းခြင်းများကို သင် ရင်ဆိုင်တွန်းလှန်နိုင်မည်ဟု မျှော်လင့်ပါသည်။ ၁ ပေ ၅း၈ တွင် စာတန် (Satan) အား ဟောက်သော ခြင်္သေ့အဖြစ် နှိုင်းယှဉ်ထားပြီး သူ၏ ကောက်ကျစ် စဉ်းလဲသော တိုက်ခိုက်မှုများအား ခရစ်ယာန်များ သတိဖြင့် ရှောင်ရှားရန် တိုက်တွန်းထားသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားသည် သင့်အား စာတန်၏တိုက်ခိုက်မှုမှ အကာအကွယ်ပေးပြီး စုံစမ်းခြင်းကို တွန်းလှန်ရန် အထောက်အကူပြုသည်။ “ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း ဘုရားသခင်၏ စကားကို နှလုံးထဲမှာ သိုထားပါပြီ” (ဆာလံ ၁၁၉း၁၁) ဟူ၍ ဆာလံ ဆရာက ဆုတောင်းခဲ့ပါသည်။

နှုတ်ထွက်စကားတော်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌လည်း သင့်အား လမ်းပြသွန်သင်နိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား နှုတ်ထွက်စကားတော်ကို ပေးထားခြင်းမှာ သူ၏ အလိုတော်ကို ကျွန်ုပ်တို့နေ့စဉ် ကြုံတွေ့ခံစားနိုင်ရန်ဖြစ်သည်။ “နှုတ်ထွက်စကားတော်သည် ကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏” (ဆာလံ ၁၁၉း၁၀၅)

နှုတ်ထွက် စကားတော်သည် သင်၏ အသက်တာထဲသို့ ဝမ်းမြောက်ခြင်းကို ယူဆောင်လာနိုင်သည့် တန်ခိုးလည်းရှိသည်။ “ဝမ်းမြောက်ခြင်း စုံလင်စေမည့် အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏” ဟူ၍ သခင်ယေရှု မိန့်ဆိုခဲ့သည်။ ဘုရားသခင်သည် မည်သူမည်ဝါ ဖြစ်သည်၊ မည်သည့်အရာကို မိန့်ဆိုခဲ့သည်ဟူသော အလင်းထဲ၌ အသက်တာကို စတင်ကြည့်မြင်ပါက အသက်တာ၏ တင်းမာမှုများ၊ ရှုပ်ထွေးမှုများသည် စတင်ပျောက်ကွယ်သွားမည် ဖြစ်သည်။ အခြေအနေ အရပ်ရပ်သည် ရှိမြဲတိုင်း ရှိနေနိုင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်သဘောပေါက် နားလည်နိုင်ပြီး စစ်မှန်သော အတွင်းငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားနိုင်မည် ဖြစ်သည်။ “အကျွန်ုပ်တွေ့သော နှုတ်ထွက်စကားတော် စကားကို ခံယူပါပြီ၊ နှုတ်ထွက်စကားတော်သည် အကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏။” (ယေရမိ ၁၅း၁၆)


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.