ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၀
သင်ခန်းစာ (၂)
ရှင်ယောဟန်သြဝါဒစာ ပထမစောင်
အခန်းကြီး (၁)
ဤအခန်းက ဘာကိုသွန်သင်သနည်း
သက်သာလောနိတ်သြဝါဒစာ ပဌမစောင်တွင် စကားပြေရေးခြင်းကို လေ့လာသော်လည်း ယခု ရှင်ယောဟန်သြဝါဒစာ ပထမစောင်တွင် အခန်းကြီးတစ်ခုစီ အကျဉ်းခြုံးနည်းကို လေ့လာရပါမည်။ စကားပြေ ရေးသားရာတွင် ဆိုလိုချက် တစ်ခုစီကို သင်နားလည်သော စကားလုံးဖြင့် ပြန်လည်ရေးသားခြင်း ဖြစ်သောကြောင့် စာလုံး အရေအတွက် ကန့်သတ်ချက် မရှိပါ။ သို့သော် အကျဉ်းခြုံး ရေးသားရာတွင် စာပိုဒ်တပိုဒ်ကို တိုတိုနှင့် လိုရင်းရောက်အောင် ရေးသားရမည်။ စာပိုဒ်၏ ဆိုလိုရင်းအချက် အားလုံးလည်း ပြည့်စုံရမည်။ အခန်းငယ် တစ်ခု (One Verse)ကို ပျမ်းမျှစာလုံးရေ ၁၂ လုံးမှ ၂၄ လုံး အတွင်း ကြိုးစားရေးကြည့်ပါ။
ရှင်ယောဟန်သြဝါဒစာ ပထမစောင် အခန်းကြီး (၁) ကို နားလည်သည့်တိုင်အောင် ဖတ်လျှက် စဉ်းစားဆင်ခြင်ပြီးနောက် အခန်းငယ် ၁-၄ အထိကို သင်ကိုယ်တိုင် အကျဉ်းခြုံးကြည့်ပါ။ ပြီးလျှင် အောက်တွင် ဖော်ပြထားသော အကျဉ်းချုပ် နမူနာနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်ပါ။ အခန်းငယ် ၅-၁၀ အထိကို အကြမ်းစာရွက်တွင် အကျဉ်းခြုံးပြီး အဓိပ္ပါယ်ပြည့်စုံမှု ရှိမရှိနှင့် စာလုံး အရေအတွက် စသည်တို့ကို စစ်ဆေးပါ။ (အခန်းငယ် တခုလျှင် ပျမ်းမျှစာလုံးရေ ၁၂-၁၄ လုံး သုံးမည်ဆိုလျှင် အခန်းငယ် ၆ ခု အတွက် အကျဉ်းချုပ်ထားသည့် စာပိုဒ်မှာ စာလုံးရေ ၇၂-၁၄၄ လုံး အတွင်း ရှိသင့်သည်။) ထို့နောက် အောက်ပါ စာပိုဒ် ၂ ကွက်လပ်တွင် သင်အကျဉ်းခြုံး ထားသော စာပိုဒ်ကို ပြန်ကူးပါ။ စာပိုဒ်တပ်ုဒ်တွင် အခန်းငယ်တစ်ခု (သို့) အခန်းငယ်အများ ပါဝင်ပါသည်။ ထိုအခန်းငယ်များသည် အကြောင်းအရာ တစ်ခုတည်းကို အများအားဖြင့် ရည်ညွှန်းကြသည်။