ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၀
သင်ခန်းစာ (၅)
ရှင်ယောဟန်သြဝါဒစာ ပထမစောင်
အခန်းကြီး (၄)
ပဏာမလေ့လာခြင်း
အခန်းကြီး (၁) မှ (၃) ကို သမ္မာကျမ်းစာမှသော်၎င်း၊ သင်အကျဉ်းခြုံးထားသော စာပိုဒ်များမှသော်၎င်း၊ ပြန်လည်လေ့လာပါ။ ထို့နောက် ပြန်မကြည့်ဘဲ အခန်းကြီးတစ်ခန်းတွင် ပါဝင်သော အချက်များကို ပြန်လည်စဉ်းစားပါ။ (သို့) အကြမ်းစာရွက်ပေါ်တွင် ရေးပါ။
အခန်းကြီး (၄) ကို သုံး၊ လေးကြိမ်ဖတ်ပါ။ အခန်းတစ်ခန်းလုံးကို ခြုံ၍ သိနိုင်ရန် အမြန်ဖတ်သွားနိုင်ပါသည်။ ထို့နောက် အခန်းငယ် တစ်ခုခြင်းကို သေချာစွာဖတ်ပါ။ ထိုသို့ဖတ်စဉ်တွင် နားလည်ရန် ကြိုးစားပါ။ အခန်းငယ် တစ်ခုခြင်းကို စဉ်းစားဆင်ခြင်ခြင်းသည် သမ္မာကျမ်းစာ လေ့လာရာတွင် အကျိုးအများဆုံး ပေးနိုင်သော အပိုင်းတစ်ပိုင်း ဖြစ်လာနိုင်သည်။ အခန်းငယ် တစ်ခုခြင်းကို ထိရောက်စွာ စဉ်းစားဆင်ခြင်နိုင်ရန် ကိုယ့်ကိုကိုယ် အောက်ပါမေးခွန်းများ မေးပါ။
၁။ ဤကျမ်းပိုဒ်က ဘာကိုဆိုလို နေသနည်း။ ယင်းကျမ်းပိုဒ်တွင် ပါဝင်သော စကားလုံးများ၊ စကားစုများကို ဆုတောင်းလျှက် သေချာစွာ စဉ်းစားပါ။ ထိုကျမ်းပိုဒ်သည် တဆက်တည်းရှိသော အနီးအနားမှ စကားစုများ၊ ကျမ်းပိုဒ်များနှင့် ဆက်စပ်နေပုံကိုလည်း ထည့်သွင်း စဉ်းစားပါ။
၂။ ကျွန်ုပ်နားမလည်းသည့် အချက်ရှိပါသလား။
(မေးစရာများကို အကြမ်းစာရွက်ပေါ်တွင်သော်၎င်း၊ ဤသင်ခန်းစာရှိ “ပြဿနာမေးခွန်းများ” ဆိုသည့် ခေါင်းစဉ်အောက်တွင်သော်၎င်း၊ မှတ်ထားပါ။)
သင်မသိ၊ နားမလည်သော စကားလုံးများကိုရှာပါ။ ကျမ်းပိုဒ်တွင် အခက်အခဲတွေ့သော အချက်များကို သင်နားလည်သော စကားလုံးဖြင့် ပြန်ရေးရန် စဉ်းစားပါ။
၃။ ကျွန်ုပ် အသက်တာတွင် ယခုလက်တွေ့ ကျင့်သုံးသင့်သည့် အချက်များ ဤနေရာတွင် ရှိပါသလား။ “လက်တွေ့ကျင့်သုံးရန်အချက်” ဆိုသည့် ခေါင်းစဉ်အောက်ရှိ ကွက်လပ်တွင် လက်တွေ့ကျင့်သုံးရန် အချက်များကို ရေးပါ။