ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၀
နိဒါန်း
ပေါင်းပင်နှင့် အကျင့်ဓလေ့
ဤအဆင့်ထိ လေ့လာခဲ့ပြီး ဖြစ်သောကြောင့် ကျမ်းစာ တစ်စောင်စီကို ခြုံ၍လေ့လာနည်း၊ တစ်ခန်းခြင်း လေ့လာနည်းတို့ကို သင်လေ့လာသိရှိ ခဲ့ပေပြီ။ စာအုပ်အမှတ် ၇ တွင် စကားပြေ ရေးခြင်း၊ ကျမ်းပြိုင်ရှာခြင်း၊ လက်တွေ့ကျင့်သုံးခြင်းများကို သင်လေ့လာ ခံယူခဲ့သည်။
စာအုပ် အမှတ် ၈ တွင် တစ်ခန်းလုံးကို အကျဉ်းခြုံးခြင်း၊ ကျမ်းတစ်ပိုဒ်ခြင်းကို ဆင်ခြင်လိုက်လျှောက်ခြင်းဖြင့် နှုတ်ထွက်စကားတော်ကို ပိုမို နားလည်လာမည်။ ကျမ်းပြိုင်များနှင့် အသက်တာတွင် နှုတ်ထွက် စကားတော်ကို မည်သို့ သင်ခန်းစာယူပြီး လက်တွေ့လိုက်လျှောက်ရမည့် အကြောင်းများကို ပိုမိုလေ့လာရန်ရှိသည်။ သင်၏ လက်တွေ့ကျင့်သုံးခြင်း အပိုင်းကဏ္ဍသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်-
“လွှတ်ခြင်းနှင့် စပ်ဆိုင်၍ စုံလင်သော တရားကို စေ့စေ့ကြည့်ရှု၍ တည်ကြည်သော သူမူကား တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့် ကျင့်သောသူ ဖြစ်သဖြင့် မိမိကျင့်သော အကျင့်၌ မင်္ဂလာရှိသော သူဖြစ်၏” (ယာကုပ် ၁း၂၅) ဟူ၍ ဖော်ပြ ထားခြင်းကြောင့် ဖြစ်၏။
စာအုပ်အမှတ် ၈ ကို လေ့လာစဉ် ရှင်ယောဟန်သြဝါဒစာ ပဌမစောင်မှ သမ္မာတရားများသည် သင်၏ နေ့စဉ် တွေးခေါ်ပြုမူ လုပ်ရှားမှုတို့တွင် ပေါ်လွင် ထင်ရှားလာစေရန် ဘုရားရှင်အား ဆုတောင်းပါ။
ဘုရားသခင်သည် နှုတ်ထွက်စကားတော် အားဖြင့် ကျွန်ုပ်တို့ကို စကားပြောသည်။ ဘုရားကို ချစ်ကြောက် ကြည်ညိုသော ပုဂ္ဂိုလ်များ ရေးသားသည့် စာအုပ်များမှာ ခွန်အားနှင့် အထောက်အကူ များစွာ ရှိနိုင်သော်လည်း ဤစာအုပ်များကို ဒုတိယ ဦးစားပေး ဖတ်သင့်သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ဦးစားပေးဖတ်ပါ။
ဂျေ အက်စ် ဂျိမ်းစ် (J. S. James)