ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
နှုတ်ထွက်စကားတော်ကို ကိုယ်တိုင်ရှာဖွေ လေ့လာခြင်း
ကျမ်းစာကို ကိုယ်တိုင် အသေးစိတ်လေ့လာခြင်း
သင်ကိုယ်တိုင်ကျမ်းစာကို အသေးစိတ် လေ့လာနိုင်ပါသည်။ ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်း စာအုပ်အမှတ် ၇၊ ၈ နှင့် ၉ ၌ ကျမ်းစာကို အသေးစိပ် လေ့လာခြင်းဆိုင်ရာ သင်ခန်းစာများကို အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပြီး ဖြစ်၍ ကျမ်းစာကို သင်ကိုယ်တိုင် တစ်ဦးတည်း ဆက်လက်လေ့လာနိုင်သည့် အဆင့်သို့ ရောက်ပြီဖြစ်သည်။
သို့ရာတွင် စာအုပ်အမှတ် ၇၊ ၈ နှင့် ၉ ကို မဖြေဆိုရသေးပါက လွယ်ကူမည် မဟုတ်ပေ။ ထိုကြောင့် ထိုစာအုပ်များကို ဖြေဆိုပြီးမှသာ ဤစာအုပ်ကို ဖြေဆိုပါ။ စာအုပ်အမှတ် ၁ မှ ၆ သည် ခရစ်ယာန် အသက်ရှင်မှုအတွက် လိုအပ်ချက်များကို အကြောင်းအရာ အလိုက်လေ့လာသော စာအုပ်များဖြစ်သည်။ ထိုစာအုပ်များကို လေ့လာခြင်းဖြင့်လည်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ သို့ရာတွင် အသေးစိပ် ပိုင်းခြား လေ့လာခြင်းနည်းကိုသာ သင်စိတ်ဝင်စားပါက “မျှော်လင့်ခြင်းအသက်တာ” စာအုပ်အမှတ် ၇ ကို စတင်လေ့လာပါ။ ယင်းစာအုပ်၌ သက်သာလောနိတ်သြဝါဒစာ ပဌမစောင်ကို တစ်ခန်းချင်း လေ့လာရန် ဖြစ်သည်။ စာအုပ်အမှတ် ၈ နှင့် ၉ ၌ ရှင်ယောဟန်သြဝါဒစာ ပဌမစောင်နှင့် ဖိလိပ သြဝါဒစာစောင် တို့ကို တဆင့်ပြီးတဆင့် အသေးစိတ် လေ့လာရန် ဖြစ်သည်။
“နှုတ်ထွက် စကားတော်ကို ကိုယ်တိုင်ရှာဖွေ လေ့လာခြင်း” စာအုပ်ကို အသုံးပြုလျှက် ကျမ်းစာကို အပါတ်စဉ် လေ့လာမှုပြုလျှင် သမ္မာကျမ်းစာကို ပိုမို သိကျွမ်းလာမည်။ ခရစ်တော်နှင့် ဆက်လက် မိဿဟာယဖွဲ့နိုင်မည်။ သူတပါးကိုလည်း သွန်သင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ထို့အပြင် နှုတ်ထွက်စကားတော်ကို အသက်တာတွင် သစ္စာရှိစွာ လက်တွေ့ကျင့်သုံး ပါလျှင် သင်သည် ခရစ်တော်၏ ပုံသဏ္ဍာန်တော်နှင့် ပို၍ တူလာမည်ဖြစ်သည်။ ခရစ်တော်၏ ပုံသဏ္ဍာန်တော်နှင့် ပို၍ တူလာခြင်းပင်လျှင် ကျမ်းစာလေ့လာခြင်းအတွက် အပါတ်စဉ် ပေးရသည့် အချိန်နှင့်ခွန်အား ကုန်ရကျိုး နပ်စေပါသည်။ မည်သည့် အခြေအနေ မျိုးတွင်မဆို ကျမ်းစာကို အချိန်မှန်မှန် ဦးစားပေး လေ့လာမည်ဟု ဆုံးဖြတ်ချက်ချပါ။