« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

သင်ခန်းစာ (၆)

ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်

ပဏာမလေ့လာခြင်း

သက်သာလောနိတ်သြဝါဒစာ ပဌမစောင် (1 Thessalonians)၊ ရှင်ယောဟန်သြဝါဒစာ ပဌမစောင် (1 John) နှင့် ဖိလိပ္ပိသြဝါဒ (Philippians) စာစောင်တို့ကို လေ့လာသည့် အတိုင်းပင် စာစောင် တစ်ခုလုံးကို တစ်ခန်းချင်း အသေးစိတ် မလေ့လာမီ အကြမ်းဖျင်း လေ့လာခြင်းသည် အကျိုးရှိပါသည်။ အကြမ်းဖျင်း လေ့လာရာတွင် အောက်ပါ နည်းလမ်းများကို နမူနာအနေဖြင့် အသုံးပြုပါ။

၁။ ကျမ်းစာ(သို့) ကျမ်းစာလက်စွဲစာအုပ် (Bible Hand Book) တွင်ရှိသော မှတ်စုများ၊ မြေပုံများကို အသုံးပြု၍ နောက်ခံသမိုင်း အချက်အလက်များကို ရှာဖွေပါ။

(၁) ဤစာစောင်ကို မည်သူရေးသနည်း။

(၂) မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရေးသနည်း။

(၃) မည်သူ့ ထံသို့ ရေးသနည်း။

(၄) မည်သည့် အကြောင်းကြောင့် ရေးသနည်း။ စာရေးသူတွင် မည်သည့် ပြဿနာများကို ဖြေရှင်းနေပုံ ရသနည်း။
အဓိကသွန်သင် ညွန်ကြားချက်များကား အဘယ်နည်း။

(၅) ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထု (Acts) တွင် စာစောင် (သို့) စာရေးသူနှင့် ပတ်သက်၍ မည်သည့်အချက်များကို တွေ့ရှိ ရသနည်း။

စာရေးသူ (သို့) နေရာဒေသများနှင့် ပက်သက်သည့် ကျမ်းညွှန်းများကို ရှာဖွေနိုင်ရန် သမ္မာကျမ်း အညွှန်းပြစာအုပ် (Concordance) ကို အသုံးပြုပါ။

၂။ စာစောင်တခုလုံးကို တထိုင်တည်းနှင့် အပြီးဖတ်ပါ။

၃။ နောက်တစ်ကြိမ် ထပ်ဖတ်ပါ။ ထိုသို့ဖတ်စဉ်တွင် စာစောင်၏ အဓိက အကြောင်းအရာ များများကို မှတ်သားပါ။ အဓိက အကြောင်းအရာ တစ်ခုစီနှင့် ပတ်သက်သည့် အဓိက ကျမ်းပိုဒ်များကိုလည်း မှတ်သားပါ။

၎။ ဤလေ့လာခြင်းမှ သင်လက်တွေ့ ကျင့်သုံးမည့် အချက်ကိုရေးပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.