« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

သင်ခန်းစာ (၆)

ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်

အသိ၊ ဥာဏ်၊ ပညာဘဏ္ဍာတိုက် ဖြစ်သည့် နှုတ်ထွက်စကားတော်ကို စူးစမ်းရှာဖွေ ရမည်ဟု သု ၂း၁-၅ တွင်တိုက်တွန်းထားသည်။ နှုတ်ထွက်စကားတော်နှင့် ပတ်သက်၍ ယော ၅း၃၉ တွင် သခင်ယေရှုက “ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။” ဟု ဆိုထားသည်။ လု ၂၄း၄၄ တွင် လည်း “မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသော အချက်တို့သည် ပြည့်စုံရမည်” ဟု ခရစ်တော်က ထပ်မံ အတည်ပြုခဲ့သည်။ ဤသို့ဖြင့် ကျမ်းစာတအုပ်လုံးသည် မိမိအကြောင်းကို ဖော်ပြသက်သေခံ လျှက်ရှိကြောင်း ခရစ်တော်က အတည်ပြုခဲ့သည်။ နှုတ်ထွက်စကားတော်ကို လေ့လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ ကိုယ်တော်ကိုတိုး၍ သိလာရန်ဖြစ်သည်ဆိုသည့် အချက်ကိုလည်း အတည်ပြုခဲ့သည်။

သင်လေ့လာ ရှာဖွေရာတွင် ကောလောသဲ (သို့) ရှင်ယာကုပ်သြဝါဒစာစောင်ဖြင့် စတင်ရန် အကြံပြုအပ်ပါသည်။ ဆက်လက်လေ့လာရမည့် စာစောင်များနှင့် ပတ်သက်၍ နောက်ဆုံးစာမျက်နှာရှိ အကြံပြုထားချက်ကို ကြည့်ပါ။

စတင်လေ့လာသော အပါတ်တွင် ယခင် စာအုပ် အမှတ် ၇၊ ၈ နှင့် ၉ တွင် ပြုသကဲ့သို့ ပဏာမလေ့လာခြင်းကို ပြုလုပ်ပါ။ နောက်အပါတ်တွင် စာစောင်တစ်ခုလုံးကို တခန်းပြီးတခန်း လေ့လာသွားပါ။ နောက်ဆုံးအပါတ်တွင်မှု စာစောင်တစ်ခုလုံးကို အကျဉ်းခြုံးပါ။

သင်ခန်းစာများ လေ့လာရာတွင် ဆုတောင်းလျက် စဉ်းစားဆင်ခြင်ခြင်းသည် အလွန်အရေးကြီးသည်။ ခရစ်တော် ကတိပေးထားသည့် အတိုင်း သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား သွန်သင်မည်ကို မျှော်လင့်ပါ။ (ယော ၁၆း၁၃၊ ၁၄း၂၆)


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.