ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၁
သင်ခန်းစာ (၆)
ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်
နောက်ထပ်လေ့လာရမည့် သင်ခန်းစာများ
စာစောင်တစ်ခုလုံးကို လေ့လာပြီးသော အချိန်တွင် မည်သည့် စာစောင်ကို ဆက်လက် လေ့လာမည်ကိုလည်း ဆုံးဖြတ်ထားပြီး ဖြစ်ရပါမည်။ ဥပမာ – ကောလောသဲသြဝါဒ (Colossians) စာစောင်ကို ယခု လေ့လာပြီးစီးခဲ့ပြီ ဆိုကြပါစို့၊ နောက်စာစောင်များ အနေဖြင့် ရှင်ယာကုပ်သြဝါဒစာ (James)၊ ရှင်ယုဒသြဝါဒစာ (Jude)၊ ရှင်မာကုခရစ်ဝင်ကျမ်း (Mark)၊ ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် (2 Peter) နှင့် ရောမသြဝါဒ (Romans) စာစောင်တို့ကို အစဉ်လိုက် လေ့လာရန် အကြံပြုအပ်ပါသည်။
အကယ်၍ ဓမ္မသစ်ကျမ်း (New Testament) တစ်အုပ်လုံးကို လေ့လာလိုပါက လေ့လာရမည့် သင်ခန်းစာ အစီအစဉ်ကို နောက်ဆုံး စာမျက်နှာတွင် အကြံပြုထားပါသည်။ စာစောင်တွင် ပါဝင်သော အကြောင်းအရာနှင့် အခန်းကြီး အရေအတွက်ကိုပါ ထည့်သွင်းစဉ်းစားလျှက် အကြောင်းအရာ အမျိုးမျိုးနှင့် အစီစဉ်တကျ လေ့လာနိုင်ရန် စီစဉ်ထားပါသည်။