ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၁)
အသင်းတော်
ခရစ်တော်၏ ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်
အသင်းတော်သည် ဂိုဏ်းဂန (Gang) မရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် အသစ်မွေးဖွား လာသူများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ကျွန်ုပ်တို့ပြောသော ဘာသာစကားများသည် ခြားနားပြီး ဝတ်ပြုစည်းဝေးရာ နေရာများလည်း ကမ္ဘာနှင့် အဝှမ်းရှိ နေစေကာမူ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်၎င်း၊ အချင်းချင်းနှင့်၎င်း၊ တစ်လုံးတစ်ဝတည်း၊ တစ်ကိုယ်တည်း ဖြစ်ကြသည်။ ဒုတိယမွေးခြင်းရသော ယုံကြည်သူတိုင်း ဘုရားသခင်၏ မိသားစုဝင် ဖြစ်ပြီး ခရစ်တော်၌ ကျွန်ုပ်တို့သည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။
၁။ ဧဖက်သြဝါဒစာ ၅း၂၃ တွင်-
(၁) ခရစ်တော်သည် အသင်းတော်၏ ဘာဖြစ်သနည်း။
______________________________
(၂) အသင်းတော်ကို မည်ကဲ့သို့ ဖော်ပြထားသနည်း။
______________________________
၂။ ခရစ်တော်သည် အသင်းတော်ကို မည်ကဲ့သို့ပိုင်ဆိုင်ခဲ့သနည်း။ (တ ၂၀း၂၈)
______________________________
၃။ ခရစ်တော် အသေခံတော် မူခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ဘာပြုလုပ်ခဲ့သနည်း။ (ဧဖက် ၁း၇-၈)
______________________________
ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော မိဿဟာယ အဖွဲ့အစည်းမှာ အသင်းတော်ပင်ဖြစ်ပြီး အသင်းသား ဖြစ်လိုသူသည် ထိုက်တန်သူ မဟုတ်ကြောင်း မိမိကိုယ်ကို သိရန်သာ လိုအပ်သည်။
ရောဘတ်ဘီမွန်ဂါ (Robert B. Monga)
၎။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ပြီး သူ့အသင်းတော်ဝင်များ ဖြစ်ကြောင်း ဘာက သက်သေပြသနည်း။ (၁ ယော ၄း၇)
______________________________