ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၃)
အသက်တာ၌ ဘုရားသခင်၏ နှုတ်ထွက်စကားတော်
သင်သည် ရက်သတ္တပတ် (Week) အချိန် ၁၆၈ နာရီကို ကောင်းမွန်စွာ အသုံးချပါရဲ့လား။ ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသလား။
သမ္မာကျမ်းစာကို ပိုင်ပိုင်နိုင်နိုင် သိကျွမ်းရန်အတွက် အောက်ပါဇယားကို ကြည့်ပြီး သင်ပြုလေ့ရှိသည့် အစီအစဉ်များကို ပြန်လည်စစ်ဆေးပါ။ ဇယားကို ဖြည့်နေစဉ် ရည်မှန်းချက် အသစ်ထားရန် လိုအပ်သည့် နေရာအတွက် ဆုတောင်းပါ။
နှုတ်ထွက်စကားတော်ခံယူနည်း | လက်ရှိတပါတ်တာအစီအစဉ် | ရည်မှန်းချက်အသစ်နှင့် အစီအစဉ်အသစ်များ |
---|---|---|
ကြားနာခြင်း | ||
ဖတ်ခြင်း | ||
လေ့လာခြင်း | ||
အလွတ်ကျက်ခြင်း |
ပြဿနာ အဖြေရှာရာတွင် အမျိုးသားနှင့် အမျိုးသမီးများသည် ဘုရားသခင် ကိုယ်တော်တိုင် ချမှတ်ထားသည့် အခြေခံ နည်းလမ်းများအတိုင်း အဖြေရှာ၍ ဆုံးဖြတ်ချက်ချသည်ထက် မိမိတို့အနေဖြင့် သင့်တော်မည် ထင်သလို ဆုံးဖြတ်ချက် ချတတ်သည်။ ဤသို့မရေရာ မသေချာသော ခေတ်ကာလတွင် သမ္မာကျမ်းစာ လေ့လာခြင်းသည် မည်မျှ အရေးကြီးကြောင်း တန်ဘိုးရှိကြောင်းကို ကျွန်ုပ်အနေဖြင့် အထူးအလေးအနက်ပြု၍ ဖေါ်ပြနေရန် မလိုပါ။
ဂျွန် ဝါနာမိတ်ကါ (John Wanamaker)