ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၃)
အသက်တာ၌ ဘုရားသခင်၏ နှုတ်ထွက်စကားတော်
၁၂။ နှုတ်ထွက်စကားတော် အပေါ် မည်သို့သော သဘောထားပုံမျိုးကို ဘုရားသခင် ချီးကျူးသနည်း။
(၁) ဆာလံ ၁၁၂း၁ ____________________
 __________________________________
(၂) ဆာလံ ၁၁၉း၁၆၇ __________________
 __________________________________
အမျိုးသား၊ အမျိုးသမီးများအတွက် တက္ကသိုလ် ပညာသင်ကြားခြင်းသည် ကောင်းမွန်ကြောင်း ကျွန်ုပ်ကောင်းစွာ ယုံကြည်ပါသည်။ သို့ရာတွင် တက္ကသိုလ် ပညာကို မရဘဲ ကျမ်းစာကို သိခြင်းသည် ကျမ်းစာကို မသိဘဲ တက္ကသိုလ်ပညာ ရခြင်းထက်ပို၍ တန်ဘိုးရှိပါသည်။ သမ္မာကျမ်းစာကို သေချာစွာ သိထားသော သူတိုင်းကို ပညာတတ်ဟု ကောင်းစွာ ခေါ်ဆိုနိုင်သည်။ ကျမ်းစာကို အခြားမည်သည့် ပညာရပ်မျိုးနှင့်မျှ အစားထိုး၍ မရပါ။
ပါမောက္ခ ဝီလျှံ အလ်ဖဲလ်(ပ)စ် (Professor William Alfred)
နှုတ်ထွက်စကားတော်ကို မည်သို့လေ့လာ သင်ကြားမည်၊ လက်တွေ့အသက်တာတွင် မည်သို့ကျင့်သုံးမည် ဆိုသည့်အချက်ကို ခရစ်ယာန်တိုင်း သိထားရန်လိုသည်။ ဤသင်ခန်းစာတွင် ဆက်လက် ဖော်ပြမည့် နည်းလမ်း (၅) မျိုးသည် သမ္မာကျမ်းစာကို ကောင်းမွန်စွာ သိကျွမ်းလာစေမည့် နည်းလမ်းများဖြစ်သည်။
(က) ကြားနာပါ

၁၃။ မည်သည့် နှလုံးသားမျိုးသည် နှုတ်ထွက်စကားတော်ကို အကောင်းဆုံး ခံယူပြီး လက်တွေ့ အသက်ရှင်သနည်း။ လု ၈း၁၅ အရ အဖြေမှန်ကို မျဉ်းသားပါ။
(၁) စိတ်ရင်းဖြောင့်မတ် စင်ကြယ်၍ မြင့်မြတ်သော နှလုံးသား။
(၂) နိုးနိုးကြားကြားနှင့် သမ္မာသတိရှိသော နှလုံးသား။
(၃) ပွင့်လင်းသော်လည်း ဥပက္ခာ ပြုတတ်သော နှလုံးသား။
(၄) လေ့ကျင့်မှု ကောင်းစွာရှိပြီး ပညာတတ်သော နှလုံးသား။
