ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၄)
ဆုတောင်းခြင်း၏ နည်းဥပဒေသများ
၈။ ယေရမိအနာဂတ္တိကျမ်း ၃၃း၃ နှင့် ဧဖက်သြဝါဒစာ ၃း၂၀ က သွန်သင် ထားသည်မှာ ဘုရားသခင်ကိုခေါ်လျှင် (အဖြေမှန်ကို မျဉ်းသားပါ)
(၁) ဆုတောင်းသော ပုံစံမှန်လျှင် ထူးမည်။
(၂) ကျွန်ုပ်တို့ကို ထူးပြီး ကျွန်ုပ်တို့တွေးထင် ထားသည်ထက်သာ၍ ကြီးမားသော အရာကိုပေးမည်။
(၃) တန်ခိုးပါပါဖြင့် ကျယ်လောင်စွာ ဆုတောင်းလျှင်ထူးမည်။
သင်သည် ရှင်ဘုရင် တစ်ပါးထံသို့ လာနေသောကြောင့် ကြီးကျယ်သော တောင်းဆိုချက်များ၊ ကြီးမားသော တောင်းဆိုချက်များဖြင့် လာပါလေ။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် တန်ခိုးတော်သည် အလွန်ကြီးမားလှသောကြောင့် မည်သူတဦးတယောက်၏ ဆုတောင်းချက်မျှ သူ့အတွက် ကြီးကျယ်ကြီးမား များပြားလွန်းလှသည်ဟူ၍ မရှိပေ။
ဂျွန် နယူတန် (John Newton)
ဆုတောင်းခြင်း၏ လိုအပ်ချက်များ

၉။ ဆုတောင်းခြင်း အဖြေရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း။ (ယော ၁၆း၂၄)
______________________________
၁၀။ မည်သူ၏ နာမကို အမှီပြု၍ ဆုတောင်းသင့်သနည်း။ (ယော ၁၄း၁၃-၁၄)
______________________________
“ကျွန်ုပ်တို့၏ အပြစ်အတွက် သွန်းလောင်းခဲ့သော ခရစ်တော်၏ အသွေးတော်ကို အမှီပြု၍ ဘုရားသခင်၏ မျက်မှောက်သို့ ကျွန်ုပ်တို့ဝင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆေးကြောသန့်စင်ခြင်း ခံရသည့်အလျှောက် ဘုရင့်တော်ဝင် မိသားစု၏ ခံစားထိုက်သော အခွင့်အရေး အားလုံးနှင့် ဘုရင်မင်းမြတ်၏ ထိုင်ခုံနေရာတော်ရင်းသို့ ရဲဝံ့စွာ ဝင်ရောက်နိုင်ပေသည်။ (ဟေဗြဲ ၁၀း၁၉)
ဘုရားသခင်ချမှတ်သော ဆုတောင်းချက်ပုံစံမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီမှုကို ရယူလျှက် သားတော်၏ နာမဖြင့် ခမည်းတော် ဘုရားထံတော်သို့ ဆုတောင်းရန်ဖြစ်သည်။