ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၈
သင်ခန်းစာ (၂)
ပြုစုပျိုးထောင်ခြင်း
ပြုစုပျိုးထောင်ခြင်းသည် ဧဝံဂေလိ (Gospel) လုပ်ငန်းမှ အသီးကို မပျက်မပျောက်အောင် သိမ်းဆည်းခြင်း ဖြစ်သည်။ ယုံကြည်စ ခရစ်ယာန်အား ရင့်ကျက်သော ခရစ်ယာန် အသက်တာသို့ ကြီးထွားလာအောင် ကူညီပေးခြင်း ဖြစ်သည်။
ပထမဦးစွာ ယုံကြည်သူ လူသစ်သည် သူ၏ ကယ်တင်ခြင်းအတွက် သမ္မာကျမ်းစာ (Bible) အခြေခံရှိရန် လိုအပ်သည်။ စိတ်ထဲမှာ ကယ်တင်ခြင်း ရပြီလို့ ခံစားရရုံဖြင့် အာမခံချက်ရှိပြီဟု မပြောနိုင်ပါ။ ခရစ်ယာန်အသက်တာတွင် ကြီးထွားလာသောအခါ ကယ်တင်ခြင်းရခြင်းသည် သူ့စိတ်ခံစားမှု (သို့) ကြိုးစားမှုကြောင့်မဟုတ်ဘဲ သခင်ယေရှုခရစ်က သူ့အတွက် လုပ်ဆောင်aပးခြင်းနှင့် ကတိတော်များအပေါ်တွင် မူတည်ကြောင်း သူသိနားလည်ဘို့ လိုအပ်ပါသည်။
ကယ်တင်ခြင်းစိတ်ချမှု
၁။ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅း၁၃ ရှိ စိတ်ချမှုကား အဘယ်နည်း၊ ဘာပေါ်မှာ မူတည်နေသလဲ။
______________________________
၂။ ရှင်ယောဟန်ခရစ်ဝင် ၅း၂၄ ရှိ ကတိတော် ၃ ခုကား အဘယ်နည်း။
______________________________
______________________________
______________________________
၃။ အထက်ပါ ကျမ်းပိုဒ် ၂ ပိုဒ် နှင့် ရှင်ယောဟန်ခရစ်ဝင် ၃း၁၆၊ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅း၁၀-၁၂ နှင့် ဗျာဒိတ်ကျမ်း ၃း၂၀ တို့ကို နှိုင်းယှဉ်ပါ။ ယုံကြည်စ ခရစ်ယာန်တစ်ဦးကို စိတ်ချမှုရစေဘို့ ဘယ်ကျမ်းချက်ကို သင်ရွေးချယ်လိုသလဲ။ ဘာကြောင့်လဲ။
______________________________
______________________________
______________________________
ခရစ်တော်ကို ယုံကြည်လက်ခံပြီးသူ တစ်ယောက်ကို သင်က “ခင်ဗျားအပြစ်လွှတ်ခြင်း ခံရပြီ၊ ထာဝရအသက်ရပြီ၊ ကယ်တင်ခြင်းရပြီ” လို့ ပြောရမဲ့အစား သူကိုယ်တိုင်က ရရှိပြီးကြောင်း ပြောစေပါ။ သူကယ်တင်ခြင်း စိတ်ချမှုရှိပြီလား၊ ထာဝရ အသက်ရပြီလား၊ (သို့မဟုတ်) သူ့ဆုတောင်းချက်ကို ဘုရားသခင်က အဖြေပေးပြီးပြီ လားလို့ မေးလျက် စိတ်ချမှုရှိမရှိ စမ်းသပ်ကြည့်ပါ။ သူစိတ်ချမှု မရှိသေးလျှင် ကယ်တင်ခြင်း စိတ်ချမှု ကျမ်းပိုဒ်များကို ပြန်လေ့လာပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနှင့် ယုံကြည်ခြင်း ရှိလာသည့်တိုင်အောင် ဆက်လေ့လာပါ။ ကယ်တင်ခြင်း စိတ်ချမှု ကျမ်းပ်ုဒ်များကို စာအုပ်အမှတ် ၁ သင်ခန်းစာ ၃ တွင် ပြန်ကြည့်ပါ။