ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၈
သင်ခန်းစာ (၂)
ပြုစုပျိုးထောင်ခြင်း
၉။ ပေါလု (Paul) သည် သူသွန်သင်ခဲ့ပြီးသည့် လူတွေကို ထပ်မံတွေ့ချင်ရခြင်းမှာ အဘယ်ကြောင့်နည်း။ (၁ သက် ၃း၅)
______________________________
၁၀။ ကောရိန္တု (Corinthians) အသင်းသားတွေ အပေါ်မှာ တာဝန်အထူးရှိကြောင်း ဘာကြောင့်ပေါလု ခံစားခဲ့ရသလဲ။ (၁ ကော ၄း၁၅) (အဖြေမှန်ကို မျဉ်းသားပါ)
______________________________
(၁) သူတို့ကို သွန်သင်ပေးသည့် ဆရာများလွန်းသောကြောင့်
(၂) သူတို့သည် ပေါလု၏ ဝိညာဉ်ကလေးငယ်တွေ ဖြစ်သောကြောင့်
(၃) သူတို့သည် မှားယွင်းသော ဆရာများအားဖြင့် လမ်းလွှဲနေကြသောကြောင့်
၁၁။ လူအများ ခရစ်ယာန် ဖြစ်လာခြင်းအပြင် ဘာက တမန်တော်ယောဟန် (Apostle John) ကို ကြီးစွာသော ဝမ်းမြောက်ခြင်း ဖြစ်စေသလဲ။ (၃ ယော ၄)
______________________________
၁၂။ လူတိုင်း ကယ်တင်ခြင်းတရား ကြားနိုင်ရန် အထောက်အကူ ဖြစ်သော နည်းလမ်းတစ်ခုမှာ အဘယ်နည်း။ (၂ တိ ၂း၂)
______________________________
ဒီကျမ်းချက်ရှိ ခရစ်ယာန် မျိုးဆက် ၄ ဆက်ကို ဖော်ပြပါ။
______________________________
ဤကျမ်းပိုဒ် တိမောသေဩဝါဒစာ ဒုတိယစောင် ၂း၂ က အမြောက်လက္ခဏာအားဖြင့် ဝိညာဉ်ဆပွား တိုးခြင်းကို ဖော်ပြသည်။ လူတစ်ဦးကို ခရစ်တော်အကြောင်း သိစေရုံသာမကဘဲ ဆက်လက်သွန်သင် ပျိုးထောင်ပေးကာ ထိုသူကတဆင့် အခြားလူများကို ဆက်လက်သွန်သင်ခြင်း၊ ထိုသူတို့ကလည်း ဤနည်းအတိုင်း ဆက်လက်သွန်သင် ပျိုးထောင်ပေးသွားခြင်း ဖြစ်သည်။
ကြီးထွားလာအောင် ဘယ်လိုကူညီမလဲ
၁၃။ ပြုစုပျိုးထောင်ရာတွင် ပေါလုသည် နည်း ၄ မျိုးကို အသုံးပြုသည်။ စာရေးခြင်းဖြင့်၎င်း၊ ဆုတောင်းခြင်းဖြင့်၎င်း၊ ကိုယ်တိုင်သွားရောက်ခြင်းဖြင့်၎င်း၊ မိမိကိုယ်စား လူတစ်ဦးကို စေလွှတ်ခြင်းဖြင့်လည်းကောင်း ပြုစုပျိုးထောင်ခဲ့သည်။
အောက်ပါ ကျမ်းချက်များက ဘယ်နည်းစံနစ်ကို ဖော်ပြသလဲ။
(၁) ၂ တိ ၁း၃ ____________________
(၂) တမန် ၁၅း၃၆ _________________
(၃) ၁ ကော ၄း၁၄ _________________
(၄) ၁ ကော ၄း၁၇ _________________
အဖသည်သားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ကို တစ်ဦးချင်း တိုက်တွန်းအားပေးခြင်း၊ ဆုံးမမြစ်တားခြင်းကို သင်တို့ကောင်းစွာ သိကြသည်။ (၁ သက် ၂း၁၁)