« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၈

သင်ခန်းစာ (၅)

တစ်ကမ္ဘာလုံးအတွက် ရူပါရုံ

စာအုပ် အမှတ် ၇၊ ၈ နှင့် ၉ တို့ကို စာအုပ်တစ်အုပ်လျှင် ၆ ပါတ် အတွင်းပြီးအောင် ဖြေနိုင်ရန် စီစဉ်ပေးထားသည်။ ၁၈ ပါတ် ကြာသောအခါ ကျမ်းပိုဒ်တစ်ပိုဒ်ကို ပြင်ပအကူအညီ မပါဘဲထိရောက်စွာ အသေးစိတ်လေ့လာတတ်မည်။ နားလည်လာမည်။ ကိုယ့်အတွက် ဝိညာဉ်အစာကို ရှာတတ်လာပြီး ယင်းကျမ်းပိုဒ်သည် နေ့စဉ်အသက်တာနှင့် မည်သို့သက်ဆိုင် နေသည်ကိုလည်း ကြည့်တတ်လာမည် ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာရန် သက်သာလောနိတ် သြဝါဒစာ ပထမစောင်ကို စတင်ဖြေဆိုသည့် အချိန်မှစ၍ ဆုတောင်းလျှက် လုံ့လဝီရိယ စိုက်ထုတ်၍ အချိန်မှန်မှန် လေ့လာပါ။ အကျိုးကျေးဇူး များစွာရမည်။

ကျွန်ုပ်တွေ့သော နှုတ်ထွက်စကားတော်ကို ခံယူပါပြီ။ နှုတ်ထွက်စကားတော်သည် ကျွန်ုပ်ဝမ်းမြောက် ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏

ယေရမိ ၁၅း၁၆

ရှေ့ပိုင်းမှာ စာအုပ်များကို တပါတ်လျှင် သင်ခန်းစာ တခုပြီးရန် တိုက်တွန်း ခဲ့ပါသည်။ တဖန် “မျှော်လင့်ခြင်းရှိသော အသက်တာ” ကို ဖြေမည့် အခါတွင်လည်း တပါတ်လျှင် သင်ခန်းစာ တခုပြီးအောင် စီစဉ်ပါ။ သတ်မှတ်ထားသော တပါတ်စာ သင်ခန်းစာကို ပြီးအောင် နေ့စဉ် တရက်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ အထိ အချိန်ပေးခြင်း (သို့မဟုတ်) ယင်းသင်ခန်းစာကို ပြီးအောင် အပိုင်းနှစ်ပိုင်း သုံးပိုင်းခွဲပြီး တပိုင်းအတွက် တနာရီ အချိန်ပေးခြင်း (သို့မဟုတ်) တထိုင်တည်းနှင့် အပြီးလေ့လာ ဖြေဆိုခြင်း စသည်ဖြင့် သင့်တော်သလို အစီအစဉ်ဆွဲပြီး လုပ်ဆောင်ပါ။

သင် လေ့လာတိုင်း ဘုရားသခင်၏ ပဲ့ပြင်မှုကို တောင်းခံပါ။ တပါတ်စာ သင်ခန်းစာကို ဖြေဆို၍ မပြီးမချင်း အနက်ဖွင့်ကျမ်း (Commentary) ကို ကိုးကား ကြည့်ရှုခြင်း မပြုလျှင် ကောင်းပါလိမ့်မည်။ သို့မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို နားလည်စေချင်သော အရာများ၊ လက်တွေ့လုပ်ဆောင် စေလိုသော နည်းလမ်းများကို ဖော်ပြခွင့်ရပါလိမ့်မည်။

သင့်တော်သော ဆုတောင်းချက်တစ်ခုမှာ –

ဥာဏ်ကို ပေးတော်မူပါ။ တရားတော်ကို စောင့်ပါမည်။ စိတ်နှလုံးအကြွင်းမဲ့ စောင့်ပါမည်။

ဆာ ၁၁၉း၃၄

အပတ်စဉ် ဖြေဆိုပြီးသော သင်ခန်းစာများကို အခြားသူတစ်ယောက် (သို့) လူတစ်စုနှင့် ဝေငှပြောဆိုရန် တွေ့ဆုံခြင်းသည် နှုတ်ထွက်စကားတော်ကို ရှာဖွေ လေ့လာရန် နှိုးဆော်မှုပေးသည်။ ဘုရားသခင်နှင့် သူ၏နှုတ်ထွက်စကားတော်ကိုလည်း ပိုမိုသိကျွမ်းလာစေမည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.