« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၉

သင်ခန်းစာ (၂)

သက်သာလောနိတ်သြဝါဒစာ ပထမစောင်

အခန်းကြီး (၁)

ပဏာမလေ့လာခြင်း

သင်သည် ရှင်ပေါလု (Paul) ကိုယ်တိုင် ရေးလိုက်သောစာ၏ ပထမဆုံးအခန်းကို လေ့လာရန် အသင့်ဖြစ်နေပေပြီ။ ဦးစွာအစအဆုံး ဖတ်လိုက်ပါ။ တဖန်ပြန်ဖတ်ပါ။ သင့်ကိုယ်သင် သက်သာလောနိတ် အသင်းသား တစ်ယောက်ကဲ့သို့ မှတ်ယူလျှက် ပေါလုထံမှ စာသည်သင်နှင့် သင့်မိသားစု၊ သင့်မိတ်ဆွေများထံသို့ ယခုပင် ရောက်ရှိလာ သကဲ့သို့ဖတ်ပါ။ စာတွင်ပါဝင်သော အကြောင်းအရာများကို ကောင်းစွာမှတ်မိစွဲမြဲ နေသည့်အထိ ၃ ကြိမ်မှ ၅ ကြိမ်တိုင်အောင် ဖတ်ပါ။

အခြားဘာသာစကားဖြင့် ရေးသားသော ကျမ်းစာကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ဖတ်ပါက ပို၍အထောက်အကူ ဖြစ်ပါလိမ့်မည်။ အခြားဘာသာစကားဖြင့် ဖတ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သွန်သင်နေသော အချက်ကိုတိုး၍ နားလည် သဘောပေါက်နိုင်သည်။

ဤအခန်းကိုဖတ်သော အကြိမ်ပေါင်းကိုရေးပါ။ _______ ကြိမ်

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အောက်ပါစကားလုံများ၏ အဓိပ္ပါယ်ကိုသိလျှင် အခန်းကို နားလည်သဘောပေါက်ရန် အထောက်အကူဖြစ်လိမ့်မည်။ သင့်အတွက် အသစ်အဆန်း ဖြစ်နေသော စကားလုံးများရှိပါက အခြားဘာသာစကားဖြင့် ဖတ်လျှင် အဓိပ္ပါယ်ရှင်းလင်း သွားနိုင်ပါသည်။ ရိုးရိုးအဘိဓါန် (သို့မဟုတ်) ကျမ်းစာအဘိဓါန် (Bible Dictionary) သည်လည်း အထောက်အကူ ဖြစ်စေပါသည်။

သက်သာလောနိတ် သြဝါဒစာ ပထမစောင် အခန်းကြီး (၁) ရှိ စကားလုံးအချို့အတွက် အဓိပ္ပါယ်ဖွင့် ဆိုချက်များမှာ –

၁ သက် ၁း၁ကျေးဇူးတော်မထိုက်မတန် သူများကို ဘုရားသခင်က အခမဲ့ ပေးထားသော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးပြုခြင်း။
၁ သက် ၁း၎ရွေးကောက်တော်မူခြင်းဘုရားသခင်၏ ရွေးချယ်ခြင်း။
၁ သက် ၁း၆ဆင်းရဲခြင်းဒုက္ခဆင်းရဲ (ဤ နေရာတွင် ဧဝံဂေလိတရားကို ရန်ထက်ပြုသော ယုဒလူများ (Judah) ကြောင့် ခံရသော ဒုက္ခဆင်းရဲကို ဆိုလိုသည်)
၁ သက် ၁း၇ပုံသက်သေ ပေးသောသူပုံသက်သေကောင်း ပြသောသူ
၁ သက် ၁း၇-၈မာကေဒေါနိပြည် (Macedonia)၊ အခါယပြည် (Achaia)သင်ခန်းစာ (၁) ရှိ မြေပုံကိုကြည့်ပါ။

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.