ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၄)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၃)
ပဏာမလေ့လာခြင်း
အခန်းကြီး (၃) ကို နှစ်ကြိမ်မှလေးကြိမ်တိုင် ဖတ်ပါ။ အခြားဘာသာဖြင့် ရေးထားသော ကျမ်းစာကိုလည်း အနည်းဆုံး တစ်ကြိမ်ဖတ်ပါ။
ဤအခန်းကို ဖတ်သော အကြိမ်ပေါင်းကို ရေးပါ။ _______ ကြိမ်
အခန်းကြီး (၃) ၏ ပထမဦးဆုံး စကားလုံး “ထို့ကြောင့်” သည် ထူးခြားသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် (သို့) အဘယ်ကြောင့်ဆိုသော် စကားလုံးများကို တွေ့သောအခါ ဘာအကြောင်းများ ဆက်စပ်လျှက် ရှိနေသည်ကို ရှာပါဟု လူပုဂ္ဂိုလ် တစ်ဦးက ဆိုထားသည်။
ထို့ကြောင့် အခန်းကြီး (၁) နှင့် (၂) ကို နောက်တစ်ကြိမ် ပြန်ဖတ်ပါ။ သက်သာလောနိတ်မြို့ (Thessalonica) ရှိ ယုံကြည်သူများ ခံစားရသော ညှင်းဆဲနှိပ်စက်ခြင်းနှင့် ပေါလု (Paul) သူတို့ အပေါ်တွင် မေတ္တာကြီးမားပုံကို သင်သတိပြုမိ ပါသလား။ အခန်းကြီး (၃) တွင် တွေ့ရသော ပေါလု၏ ဆောင်ရွက်မှုတို့သည် ဤအကြောင်းရင်း များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အခန်းကြီး (၁) နှင့် (၂) တို့တွင် ဖော်ပြထားသော အတွေ့အကြုံများကြောင့် သူတို့ အပေါ်တွင် ပေါလု မေတ္တာကြီးမားလာခြင်း ဖြစ်သည်။
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
| ၁ သက် ၃း၃ | ရွေ့လျော့ခြင်း | ယုံကြည်မှုမမြဲမြံခြင်း |
| ၁ သက် ၃း၎ | ထိုဆင်းရဲခြင်း | ဖိလိပ္ဗိမြို့၌၊ ညှင်းဆဲခံရခြင်း |
| ၁ သက် ၃း၅ | စုံစမ်းသွေးဆောင်တတ်သောသူ | နတ်ဆိုး (Demon)၊ စာတန် (Satan) |
| ၁ သက် ၃း၆ | တိမောသေ (Timothy) | ပေါလုနှင့်အတူတကွ အမှုတော်ဆောင်သူ |
| ၁ သက် ၃း၈ | အသက်ရှင်ကြ၏ | ဆက်လက်၍ အမှုတော်ဆောင်ရန် ခွန်အားရှိ၏ |
| ၁ သက် ၃း၁၂ | သန့်ရှင်းသူ | ခရစ်တော်ကို အမှန်တကယ် ယုံကြည်သူ (ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း အခွင့်ရသူ) |
