ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၅)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၄)
ဤအခန်းကဘာပြောသနည်း
ဤအခန်းတွင် အခန်းငယ် တစ်ခုခြင်းကို စကားပြေ မရေးဘဲ စာပိုဒ် တစ်ပိုဒ်လုံးကို စကားပြေ ရေးပါမည်။ အောက်တွင် ပထမဆုံး စာပိုဒ်ကို စကားပြေ ရေးပေးထားသည်။
နောက်ပိုင်း စာပိုဒ်နှစ်ခုကိုလည်း ဤနည်းအတိုင်း စကားပြေရေးပါ။
စာပိုဒ်(၁) ၁ သက် ၄း၁-၈
ယုံကြည်သူ ညီအစ်ကိုတို့ ဘုရားသခင် နှစ်သက်သော အသက်တာကို မည်သို့ရှင်ရမည်ကို သင်တို့သည် ငါတို့ထံမှ နည်းခံပြီးဖြစ်သည့် အားလျှော်စွာ ဤနည်းအတိုင်းတိုး၍ အသက်ရှင်ရန် သခင်ယေရှု၏ တပည့်တော်များအနေဖြင့် သင်တို့ကို ငါ တိုက်တွန်း နှိုးဆော်ပါ၏။ သင်တို့အား ငါတို့ ပေးအပ်လိုက်သော သခင်ယေရှု၏ ပညတ်တော်များကို သင်တို့သိကြ၏။
ဘုရားသခင်၏ အလိုတော်မှာ – သင်တို့သည် မတရားသောမေထုန် (Fornication) ကို ကြဉ်ရှောင်၍ သန့်ရှင်းစင်ကြယ်သော အသက်တာကို ရှင်ရန်ဖြစ်သည်။ ဘုရားသခင်ကို မသိသော လောကီသားများကဲ့သို့ ကိလေသာ တပ်မက်စိတ် မရှိဘဲ၊ သင်တို့ အယောက်တိုင်းတို့သည် မိမိ ကိုယ်ခန္ဓာကို သန့်ရှင်းစင်ကြယ် စေရန်နှင့် အသရေ တင့်တယ်စေရန်၊ ကိုယ့်ကိုယ်ကို ထိန်းတတ်စေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏။
ဤအမှုကိစ္စများ၌ တစ်ဦးကိုတစ်ဦး ပြစ်မှားပြီး လှည့်ဖြားခြင်း မပြုကြပါနှင့်။ ယခင်က သင်တို့ကို ငါသတိ ပေးထားသည့်အတိုင်း ဘုရားသခင်သည် ထိုသို့သော သူတို့ကို တရားစီရင်တော် မူလိမ့်မည်။ ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းသော အသက်တာကို ရှင်စေခြင်းငှာ၊ ခေါ်တော်မူခြင်းဖြစ်သည်။ ထို့ကြောင့် ဤပညတ်တော်ကို လွန်ကျူးသောသူသည် လူကိုမနာခံခြင်း မဟုတ်၊ ငါတို့ အထဲတွင် မိမိ၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ထည့်သွင်းပေးထားသော ဘုရားသခင်ကို မနာခံခြင်းဖြစ်သည်။
စာပိုဒ်(၂) ၁ သက် ၄း၉-၁၂
______________________________
______________________________
______________________________
______________________________
______________________________
စာပိုဒ်(၃) ၁ သက် ၄း၁၃-၁၈
______________________________
______________________________
______________________________
______________________________
______________________________
သင့် စကားပြေတွင် ကျမ်းစာ၏ ဆိုလိုရင်းအချက်များ စုံလင်စွာ ပါဝင်ပါရဲ့လား။ အများနားလည်သည့် စကားလုံးများကို အသုံးပြုပါရဲ့လား။ အဓိပ္ပါယ်ရှင်းလင်းပြီး စာသား ချောမွေ့ပါရဲ့လား။