ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၅)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၄)
အကျဉ်းခြုံးခြင်း
အကျဉ်းခြုံးခြင်း (သို့) စာပိုဒ်တစ်ပိုဒ်ကို ပိုမို၍ တိုတောင်းသိပ်သည်းအောင် ရေးသားခြင်းသည်လည်း ကျမ်းစာကို လေ့လာရန် နည်းတစ်နည်းဖြစ်သည်။ ယုခု စာပိုဒ် (၂) အခန်းငယ် ၉ -၁၂ ကို အကျဉ်းခြုံးကြည့်ပါ။
ကျမ်းစာမှသော်၎င်း၊ စကားပြေမှသော်၎င်း၊ စာပိုဒ်ကို စဉ်းစားလျက် အကြိမ်ကြိမ် ဖတ်ပါ။ ထို့နောက် စကားလုံး ပိုနည်းသွားအောင် ရေးကြည့်ပါ။ ကျမ်းစာပါ စာသား၏ တဝက်ခန့်သာ ကျန်သည့်အထိ အကျဉ်းခြုံးကြည့်ပါ။ ပထမပိုင်းကို သင့်အတွက် အကျဉ်းခြုံးထားပေးသည်။
စာပိုဒ်(၂) ၁ သက် ၄း၉-၁၂ အကျဉ်းချုပ်
ဘုရားသခင်သည် ညီအစ်ကိုချင်း ချစ်တတ်ဖို့ သင်တို့ကို သွန်သင်ပြီး ဖြစ်၍ ဤအကြောင်းကို ငါပြောစရာ အကြောင်းမရှိ။
______________________________
______________________________
______________________________
______________________________
______________________________
အခြားကျမ်းပိုဒ်များက ဘာပြောသနည်း
ကျမ်းစာကို အကောင်းဆုံး အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်သည့် အရာမှာ ကျမ်းစာပင် ဖြစ်သည်။ ကျမ်းစာ တစ်အုပ်လုံးကို ရေးသားရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သွန်သင်လမ်းပြမှု ပေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကပင် ကျမ်းစာအပိုင်း တစ်ပိုင်းအားဖြင့် အခြားကျမ်းစာအပိုင်း တစ်ပိုင်း၏ အနက်အဓိပ္ပါယ်ကို ရှင်းလင်း ပေးပါသည်။ အခန်းကြီး တစ်ခန်းထဲတွင် ကွဲလွဲနေသော ဆိုလိုချက် အဓိပ္ပါယ်များအတွက် ကျမ်းပြိုင်ရှာကြည့်ခြင်းသည် ကျမ်းစာလေ့လာခြင်းတွင် အကျိုးကျေးဇူးများစွာ ပေးသည်။
အောက်ပါ ကျမ်းပြိုင်များ၏ အဓိကအချက်များကို ရေးပေးပါ။ ထို့အပြင် ဤအခန်းကြီးမှ အရေးကြီးသော ကျမ်းပိုဒ်တစ်ခုကို ရွေးပြီး ကျမ်းပြိုင်ရှာပေးပါ။
၁ သက် | ကျမ်းပြိုင် | အဓိကအချက်များ |
---|---|---|
၎း၃ | ၁ ပေ ၁း၁၅ | အရာခပ်သိမ်းတွင် သန့်ရှင်းစင်ကြယ်ခြင်း ရှိပါ။ |
၎း၈ | ၁ ကော ၃း၁၆ | ______________________________ |
၎း၁၄ | ယော ၁၁း၂၅ | ______________________________ |
၎း၁၇ | ယော ၁၄း၃ | ______________________________ |