« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁
၁း၈-၁၁ လူများတို့သည် မငြိမ်သက်၊ မကျေနပ်မှုများကို ခံစားနေရသည်။ လူတို့စဉ်းစားကြသည်မှာ
(၁) အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပျက်နေသည် ဟုဆိုလျှင် ကျွန်ုပ်တို့၌ အဘယ်ကြောင့် ပင်ပန်းခြင်း၊ မပြည့်စုံခြင်းများ ဖြစ်ပေါ်နေရပါသနည်း။
(၂) အသက်တာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။
(၃) အသက်တာကို ပြန်လည်သုံးသပ်သော အခါ၌ ရရှိခဲ့သော အရာများအတွက် ကျွန်ုပ်တို့သည် ပျော်ရွှင်မှု ဖြစ်ပေါ်ပါမည်လား။
(၄) ကျွန်ုပ်တို့၌ အဘယ်ကြောင့် ပင်ပန်းခြင်း၊ မျှော်လင့်ထားသည့် အတိုင်း မဖြစ်ပေါ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်နေရပါသနည်း။
(၅) ကျွန်ုပ်တို့၌ ဘာဖြစ်နေသနည်း စသည် တို့ဖြစ်သည်။
ရှောလမုန်သည် ကျွန်ုပ်တို့မှ ယုံကြည်ခြင်းကို စစ်ဆေးပြီး စစ်မှန်၍ အမြဲတည်ရှိမည့် အဓိပ္ပါယ်ကို ဘုရားသခင် တစ်ပါးတည်း၌သာ ရှာဖွေရန် စိန်ခေါ်လျက်ရှိသည်။ ရှောလမုန်ကဲ့သို့ ကျွန်ုပ်တို့မှ အသက်တာကို ရဲဝံ့မှန်ကန်စွာ သုံးသပ်ကြည့်သည်နှင့်အမျှ ဘုရားသခင်၏ အစေခံ ခြင်းသည် အခြားသော အရာများထက် အရေးကြီးကြောင်းကို သိရှိလာမည်ဖြစ်သည်။