« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
အဓိပ္ပါယ်ဖွင့်ဆိုချက် Definitions
သိမြင်ပိုင်းခြားနိုင်သောပညာ
ရှင်းလင်းချက်
လူတို့၏ အသိဥာဏ်သည် အဖြေအားလုံးကို မပေးနိုင်ပါ။ အသိဥာဏ် ပညာတို့သည် အတိုင်းအတာ အားဖြင့် ကန့်သတ်မှုရှိသည်။ အသက်တာကို နားလည်ရန်မှာ ကျွန်ုပ်တို့ အတွက်ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော် (သမ္မာကျမ်းစာ Bible) ၌သာ တွေ့ရှိနိုင်သည့် ပိုင်းခြားနိုင်သော အသိဥာဏ် ပညာကို ရရှိရန် လိုအပ်သည်။
အရေးပါမှု
ဘုရားသခင်သည် ကျွန်ုပ်တို့ လုပ်ကိုင်သော အရာအားလုံး တို့အား ဆန်းစစ်လိမ့်မည်ကို သိရှိသော အချိန်၌ ကျွန်ုပ်တို့သည် အသက်တာ၌ ပညာရှိစွာ နေထိုင်ပြီး ဘုရားသခင် နေ့စဉ် တည်ရှိနေသည်ကို သတိရလျက် ဘုရားသခင်၏ အသက်တာအတွက် လမ်းညွှန်ချက်များကို လိုက်လျှောက်လေ့လာရပေမည်။ သို့သော် ဘုရားသခင် ထံ၏ ပိုင်းခြားနိုင်သော အသိ ဥာဏ်ပညာ ရရှိရန်မှာ ရှေးဦးစွာ ဘုရားအားသိရှိပြီး ဂုဏ်တော်ကို ချီးမွမ်း တတ်ရန်လိုအပ်ပါသည်။
စာရေးသူ ရှောလမုန်သည် (ယေရုရှလင်မင်းကြီး ၁း၁) မိမိကိုယ်ကိုမိမိ ဓမ္မဆရာ အဖြစ်လည်းကောင်း၊ လူများတို့၏ ခေါင်းဆောင် အဖြစ်လည်းကောင်း ရည်ညွှန်းခဲ့ပါသည်။ လူတို့သည် သူ့၏ထံမှ ဆုံးမစကား၊ ပညာစကား၊ သုတံ္တကျမ်း (Proverbs) တို့ကို ကြားနာရန် စုရုံးခဲ့ကြသည်။ ကျမ်းစာ၌ တစ်ဦးတည်းသာ ဖော်ပြထားသော အရာအားလုံး (ပိုင်းခြားနိုင်သော ဥာဏ်၊ တန်ခိုး၊ ကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ ရိုသေခံရမှု၊ ဘုရားသခင်၏ မျက်နှာသာပေးမှု) ကို ပိုင်ဆိုင်သော ရှောလမုန် (Solomon) သည် ဤကမ္ဘာလောကကြီးမှ ပေးနိုင်သော ‘အဆုံး၌ ကင်းမဲ့ခြင်း’ နှင့်ပတ်သက်၍ ဖော်ပြ ဆွေးနွေးထားသည်။ လူတို့သည် မိမိတို့၏ လုပ်ဆောင်နိုင်မှု၊ အရည်အချင်း၊ အမှန်တရား စသည်တို့ အပေါ် ယုံကြည် စိတ်ချမှုအား ချေဖျက်ရန် ကြိုးစားခဲ့ပြီး လူတို့အား အသက်ရှင်ခြင်း၏ တစ်ခုတည်းသော အကြောင်း ဖြစ်သည့် ဘုရားသခင်ထံ၌ ဝန်ချခြင်းသို့ ဦးတည်စေသည်။