« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
အဓိပ္ပါယ်ဖွင့်ဆိုချက် Definitions
လုပ်ဆောင်ချက်
ရှင်းလင်းချက်
ရှောလမုန်သည် လူတို့၏ လုပ်ဆောင်မှု အရည်အချင်း ပိုင်းခြားနိုင်မှု အပေါ်၌သာ လူတို့၏ ယုံကြည်မှုကို ထားရှိခြင်းအား မငြိမ်သက်မှု ဖြစ်ပေါ်စေသည်။ အသက်ရှင်ခြင်း၏ တစ်ခုတည်းသော စစ်မှန်သော အခြေခံဖြစ်သည့် ဘုရားသခင်၌သာ ယုံကြည်မှု ထားရှိရန် လမ်းညွှန်ထားပေသည်။ ဘုရားသခင် မပါရှိလျှင် မည်သည့် လုပ်ဆောင်မှုမဆို ထာဝရ ဆုကျေးဇူး(သို့) အကျိုးမဖြစ်ပေါ်ပါ။
အရေးပါမှု
မှားယွင်းသော စိတ်ထားဖြင့် လုပ်ဆောင်မှုတို့သည် ကျွန်ုပ်တို့၌ ကင်းမဲ့ခြင်းကို ဖြစ်စေသည်။ သို့သော်လည်း ဘုရားသခင်မှ ပေးအပ်သော အလုပ်ဟူ၍ ခံယူနိုင်သော မည်သည့်အလုပ်ကိုမဆို ဆုကျေးဇူးအဖြစ် ရှုမြင်နိုင်သည်။ ကျွန်ုပ်တို့ လုပ်ဆောင်မှုများ၌ မည်သည့်အရာကို မျှော်လင့် နေသည်ကို ဆင်ခြင်ပါ။ ဘုရားသခင်သည် အလုပ်လုပ်ဆောင်ရန် အရည်အချင်းများနှင့် အခွင့်အရေးများကို ပေးသည်။ ထိုအခါ၌သာ သင်သည် သင်၏အချိန်ကို ကောင်းမွန်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။