« Prev ကမ္ဘာဦးကျမ်း . . . ၁၀ အခန်းကြီး ၁၁ ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၁၁

၁၁း၁-၅ ဤကျမ်းပိုဒ်များတွင် ရှောလမုန် (Solomon) မှ အကျဉ်းချုပ် ဖော်ပြထားသည်မှာ အသက်တာ၌ စွန့်စားမှုများ၊ အခွင့်အလမ်းများ ရှိသည်။ အသက်တာသည် အာမခံချက် မရှိသောကြောင့် ကျွန်ုပ်တို့သည် ကြိုတင် ပြင်ဆင်မှု ပြုလုပ်ရပေမည်။ ‘သင်၏ အစာကို ရေပေါ်မှာ ပစ်ချလော့’ ၏ အဓိပ္ပါယ်မှာ အသက်တာ၌ အခွင့်အလမ်းများရှိပြီး ယင်းတို့ကို လုံခြုံစွာ လုပ်ဆောင်ထားရှိသည်သာမက အမိအရ ပိုင်ဆိုင်ရယူရန်လိုအပ်သည်။ ရှောလမုန်သည် စိတ်ပျက်အားလျော့ခြင်းကို မထောက်ခံပါ။ အသက်တာသည် မရေရာသောကြောင့် မည်သည့်အရာမျှ မလုပ်ကိုင်ရဟု မဆိုလိုပါ။ ကျွန်ုပ်တို့၌ ယုံကြည်ကိုးစားသော စွန့်စားဝံ့သော ဝိညာဉ်ရှိရန်လိုအပ်ပြီး အသက်တာ၏ စွန့်စားမှုများ အခွင့်အရေးများကို ဘုရားသခင် လမ်းပြမှုအောက်၌ ရှိသော စိတ်ပါဝင်စားမှု၊ ယုံကြည်မှုတို့ဖြင့် ရင်ဆိုင်ရပေမည်။

၁၁း၎ ပြီးပြည့်စုံသော အချိန်အခါကို စောင့်ခြင်းသည် မည်သည့် အရာကိုမှ မလုပ်ဆောင်ခြင်း မည်သည်။ ယင်းသည် အထူးသဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ် အသက်တာ၌ လက်တွေ့ သဘောကို ထင်ဟပ်စေသည်။ အကယ်၍ ကျွန်ုပ်တို့သည် တစ်ဦးတည်း ကျမ်းစာဖတ်ရန်အတွက် အသင့်လျော်ဆုံး အချိန်နေရာကို စောင့်စားနေလျှင် ကျွန်ုပ်တို့မည်သည့်အခါမျှ အစပြုဖတ်ရှုဖြစ်လိမ့်မည် မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် အလုံးစုံပြည့်ဝသော အသင်းတော်ကို စောင့်စားနေလျှင် မည်သည့်အခါမှ ဘုရားကျောင်းသို့ သွားရောက် ဖြစ်မည် မဟုတ်ပါ။ အကယ်၍ ပြီးပြည့်စုံသော သာသနာပြုလုပ်ငန်းကို စောင့်စားနေလျှင် ကျွန်ုပ်တို့သည် မည်သည့်အခါမှ ဘုရားသခင်၏ အစေကို ခံကြလိမ့်မည် မဟုတ်ပါ။ ဝိညာဉ်ရေးရာ၌ ရှင်သန်ရန် ရှေ့သို့ခြေလှမ်းများ စတင်လှမ်းကြပါ။ မည်သည့်အခါမှ ဖြစ်ပေါ်လမ့်မည် မဟုတ်သော အခြေအနေများကို မစောင့်စားပါနှင့်။

၁၁း၇-၈ ရှောလမုန်သည် အဆိုးမြင် ဝါဒသမား မဟုတ်ပါ (၁၁း၇ – ၁၂း၁၄)။ သူသည် ကျွန်ုပ်တို့အား နေ့စဉ်ရွှင်လန်းစွာ နေထိုင်ရန်အားပေပြီး ထာဝရနိဂုံးသည် လူတို့၏ အသက်ထက် လွန်စွာမှပင် ရှည်လျားစွာ ရှိနေသေးကြောင်း သတိပေးထားသည်။ ဆာလံ ၉၀း၁၂ ၌ ‘ကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ့်နေ့ရက် ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ’ ဟု ဖေါ်ပြထားသည်။ ဥာဏ်ပညာ ရှိသောသူသည် ခဏတာ အကျိုးသက်ရောက်မှုကိုသာ ကြည့်ရှုသောသူ မဟုတ်ဘဲ။ ထာဝရအမြင်ဖြင့် အမြင်ကျယ်စွာ ကြည့်ရှုလေ့ရှိသည်။ သင်၏ ဆုံးဖြတ်ချက်များကို ဘုရားသခင်၏ အမြင်ရှုထောင့်မှ ချဉ်းကပ်ပြီး ယင်းတို့၏ အကျိုးဆက်များကို ယခုအချိန်မှ နောင်ဆယ်နှစ်တိုင်အောင် ထိုမှ ထာဝရအချိန်အခါအထိ စဉ်းစားဆင်ခြင်ပါ။ လက်ရှိ အသက်တာသည် တိုတောင်းသော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ နေထိုင်ရကြလိမ့်မည် ဟူသော အချက်ကို အစဉ်နှလုံးသွင်း၍ အသက်ရှင်ပါ။

၁၁း၉-၁၀ ကျွန်ုပ်တို့သည် ‘အကြောင်းမဟုတ်ပါ’ ဟူသော ပြောဆိုသံများကို မကြာခဏ ကြားကြရသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ရွေးချယ်မှု အများစုသည် ပြင်၍မရဘဲ ကျွန်ုပ်တို့နှင့် အသက်တာ တစ်လျှောက်လုံးတွင် အစဉ်ရှိနေမည်ဖြစ်သည်။ သင်၏ငယ်ရွယ်စဉ် ပြုလုပ်သော အရာများသည် နောင်ကာလ၌ အကြောင်းတရားများ ဖြစ်လာရမည်။ အသက်တာ၌ ပျော်ရွှင်ကြည်နူးစွာ နေထိုင်ပါ။ သို့သော်လည်း အသက်ကြီးရင့်လာသော အခါ၌ သင်၏ ပျော်ရွှင်မှုကို တားဆီးမည့် မည်သည့်ကိုယ်ခန္ဓာ ကိုယ်ကျင့်တရား ဝိညာဉ်ရေးရာ လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ကြဉ်ပါ။

Continue… » »


« Prev ကမ္ဘာဦးကျမ်း . . . ၁၀ အခန်းကြီး ၁၁ ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.