❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၅
၅း၂၆-၂၇ ခရစ်တော်၏ အသေခံခြင်းသည် အသင်းတော်အား မြင့်မြတ်သန့်ရှင်း စေသည်။ သူသည် ကျွန်ုပ်တို့အား အပြစ်ဟောင်းမှ ဆေးကြော၍ သူ၏သန့်ရှင်း မြင့်မြတ်သော အမှုတော်၌ ကျွန်ုပ်တို့ ပါဝင်နိုင်အောင် ခွဲခန့်ပေးသည် (ဟေဗြဲ ၁၀း၂၉၊ ၁၃း၁၂)။ အရှေ့တိုင်း နိုင်ငံ အချို့၌ရှိသော အမျိုးသမီးများသည် အိမ်ထောင် မပြုမီ ရေချိုးခြင်းပွဲကို အစဉ်အလာအဖြစ် လုပ်ဆောင်ကြသည်။ နှစ်ခြင်း (Baptism) ခံယူခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ အသင်းတော်သို့ ဝင်ရောက်ရန် ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အား သန့်စင်စေသည် (ယော ၁၇း၁၇၊ တိတု ၃း၅)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯