❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၆
၆း၁၉-၂၀ ရှင်ပေါလု (Paul) သည် စိတ်ပျက်အားလျော့ခြင်း မရှိဘဲ ဤတန်ခိုးပါသည့် စာစောင်ကို ထောင်တွင်းမှ ရေးခဲ့သည်။ ရှင်ပေါလုသည် အကျဉ်းချခံနေရခြင်းမှ လွတ်မြောက်ရန် အတွက် ဧဖက်မြို့ (Ephesus) သားများက ဆုတောင်းပေးရန် မတောင်းဆိုခဲ့ပါ။ သူသည် အကျဉ်းချခံ နေရစဉ် အချိန်၌ပင် ကြောက်ရွံ့ခြင်းကို ဘေးဖယ်ပြီး ခရစ်တော်အတွက် အသက်ရှင်ခဲ့၊ ဟောပြောခဲ့သည်။ ဘုရားသခင်သည် သူ၏ အလိုဆန္ဒကို ဖော်ဆောင် ရန်အတွက် ကျွန်ုပ်တို့အား မည်သည့် အခြေအနေမျိုး၌ မဆို အသုံးပြုနိုင်သည်။ အခြေအနေများကို ပြောင်းလဲအောင် ဆုတောင်းနေစဉ်တွင် ရှိသည့် နေရာ၌ ကျွန်ုပ်တို့အား ဘုရားသခင်က အသုံးပြုရန် ဆုတောင်းရမည်။ ဘုရားသခင်၏ ထာဝရ ရည်မှန်းချက်ကို သိရှိခြင်းသည် ခက်ခဲသော အချိန်များ၌ ကျွန်ုပ်တို့အား ကူညီမှုကိုဖြစ်စေသည်။
၆း၂၁ တုခိတ် (Tychicus) အကြောင်းကို တမန် ၂၀း၎၊ ကောလောသဲ ၄း၇-၁၂၊ တိမောသေ ၄း၁၂၊ တိတု ၃း၁၂ တို့တွင်တွေ့ရ၏။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯