❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
နိဒါန်း Introduction
နောက်ခံသမိုင်း
ဤစာစောင်ကို အသင်းတော်တွင်း၌ ဖြစ်ပေါ်နေသော မှားယွင်းသည့် အယူအဆ ပြဿနာများကို ဖြေရှင်းရန် ရေးသားခဲ့ခြင်း မဟုတ်ပါ။ အသင်းတော်အား ခွန်အားဖြစ်စေရန် တုခိတ် (Tychicus) မှတစ်ဆင့် စာကိုပါးခဲ့ပါသည်။ ရှင်ပေါလုသည် ဧဖက်မြို့ အသင်းတော်၌ သုံးနှစ်ကျော် နေထိုင်ခဲ့သည်။ ထို့ကြောင့်လည်း ရှင်ပေါလုသည် ထိုအသင်းတော်နှင့် လွန်စွာနီးစပ်မှု ရှိခဲ့သည်။ ရှင်ပေါလုသည် ဧဖက်မြို့ အသင်းတော်မှ လူကြီးများနှင့် မိလက်မြို့ (Miletus) (တ ၂၀း၁၇-၃၈) ၌ တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု၌ ကြေကွဲမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နောက်ဆုံးမခွဲခွာမီ တွေ့ဆုံခြင်းဟု ရှင်ပေါလု ထင်မြင်ခဲ့၍ ဖြစ်သည်။ ဧဖက်မြို့၏ အသင်းတော်၌ ရှိသောသူများ၊ ထိုအသင်းရှိ ပြဿနာများကို တိကျစွာ ကိုးကားထားခြင်း မရှိပါ။ ‘ဧဖက်မြို့ရှိ’ (၁း၁) ဟူသော စကားလုံးကို အချို့ကျမ်းပိုဒ်များ၌ မတွေ့ရသောကြောင့် ဤစာသည် ထိုဒေသတဝိုက်၌ရှိသော အသင်းတော်များထံသို့ ရေးထားသောစာသာ ဖြစ်ပေမည်။
အဓိကကျမ်းချက်
‘ကိုယ်တကိုယ် တဝိညာဉ် တည်းရှိ၏။’ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံ (Baptism) တစ်ပါး၊ ခပ်သိမ်းသော ငါတို့၏ အဘဖြစ်သော ဘုရားသခင် တစ်ဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပေါ်မှာ ရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏ အထဲ၌လည်း ရှိတော်မူ၏ (၄း၎-၆)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯