ဧဝံဂေလိ အစအဆုံး ဝေငှခြင်း အမှတ် ၁၀
၎။ ချက်ခြင်း လုပ်ဆောင်ရမည့် နောက်ဆက်တွဲ လုပ်ငန်းများ
(ဂ) ဝိညာဉ်ရေး ကြီးထားခြင်း၏ နည်းလမ်း (၅) ရပ်
- ၃။ ဝတ်ပြု ကိုးကွယ်ခြင်း
- ဝေငှသူ –  တတိယအချက် – ဝတ်ပြုကိုးကွယ်ခြင်း (လက်ချောင်းနဲ့ ရေးပြရင်း)
 ဝေငှခံရသူ – ဘုရားကျောင်း မှန်မှန်တက်ရောက်ပြီး ဝတ်ပြုကိုးကွယ် ကြပါ။
- ဝေငှသူ –  ဝတ်ပြုကိုးကွယ်ခြင်း ဆိုတာ ကယ်တင်ခြင်း ရတဲ့သူတွေ အတူတကွ စုရုံးပြီး ဘုရားသခင်ကို ချီးမွမ်း ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ မိတ်ဆွေ၊ ဒီတစ်ပတ် တနင်္ဂနွေမှာတော့ မိတ်ဆွေနှင့်အတူ မနက် ၁၁နာရီ ဝတ်ပြုခြင်းကို အတူတကွ ပါဝင်ချင် ပါတယ်။ အဆင်ပြေမယ်ဆိုရင် ကျွန်ုပ်တော်က မနက် ၁၀နာရီခွဲမှာ အိမ်ရှေ့ မှာစောင့်နေဖို့ လာခဲ့ပါ့မယ်။
 ဝေငှခံရသူ – ဟုတ်ကဲ့။ အဲလို လုပ်ပေးမယ်ဆိုရင် တကယ်ကျေးဇူးတင် ပါတယ်။ တနင်္ဂနွေမနက်မှာ စောင့်နေပါ့မယ်။
- ၄။ မိဿဟာယ ဖွဲ့ခြင်း
- ဝေငှသူ –  စတုတ္တအချက် – မိဿဟာယ ဖွဲ့ခြင်း (လက်ချောင်းနဲ့ရေးပြရင်း)
 ဝေငှခံရသူ – ယုံကြည်ခြင်း၌ ကြီးထွားလာအောင် ကူညီပေးမယ့် ခရစ်ယာန် ယုံကြည်သူများနှင့် အတူ မိဿဟာယ ဖွဲ့ပါ။
- ဝေငှသူ –  မိတ်ဆွေ။ မိဿဟာယ ဖွဲ့ခြင်းဆိုတာ ယုံကြည်သူတွေနှင့် ပေါင်းဖော်ခြင်းကို ဆိုလိုပါတယ်။ ယုံကြည်ခြင်းရဲ့ မိဿဟာယ ကလည်း အရမ်းကို အရေးကြီးပါတယ်။
 
 အဲဒါကြောင့် ကျွန်ုပ်တို့ ဘုရားကျောင်း မှာတော့ မိတ်ဆွေလိုမျိုး ပထမဦးဆုံး ဘုရားကျောင်းလာတဲ့ သူတွေ အတွက် မိသားစုအသစ် စည်းဝေးပွဲကို ပြုလုပ်ပေးပါတယ်။ စိတ်ဝင်စားမယ် ဆိုရင် ဒီတစ်ပတ်က စပြီး ပါဝင်နိုင်ဖို့ ကျွန်တော်ပြောပြပေး ပါ့မယ်။ ဒီလိုစည်းဝေးပွဲမှာ ပါဝင်မယ် ဆိုရင် ယုံကြည်ခြင်းက ပိုမို ကောင်းမွန်လာနိုင် ပါတယ်။
 
 (မိသားစုအသစ် စည်းဝေးပွဲ အုပ်စုလိုက်စည်းဝေးပွဲ ယုံကြည်သူသင်တန်း ဌာနအစည်းအဝေး လုပ်အားပေး အစည်းအဝေး စသည်တို့နှင့် မိတ်ဆက်ပေးခြင်း)
 ဝေငှခံရသူ – ဟုတ်ကဲ့။ အဲလိုလုပ် ပါ့မယ်။
- ၅။ ဧဝံဂေလိ
- ဝေငှသူ –  နောက်ဆုံးအနေနဲ့ ဧဝံဂေလိဘဲ  ဖြစ်ပါတယ်။ (လက်ချောင်းနဲ့ ရေးပြရင်း)
 ဝေငှခံရသူ – ယေရှုခရစ်တော်ကို မသိသေးတဲ့ လူတွေဆီကို သတင်းကောင်း ဝေငှပါ။
- ဝေငှသူ –  ဧဝံဂေလိ လုပ်မှ ကျွန်ုပ်တို့ရဲ့ ယုံကြည်သူ အသက်တာက ကျန်းမာစွာ ကြီးထွားမှာ ဖြစ်ပါတယ်။ ဧဝံဂေလိဆိုတာ ကျွန်တော်က ရရှိခဲ့တဲ့ ကယ်တင်ခြင်း သတင်းကောင်းကို တခြားသူတွေနှင့် အတူတကွ ဝေမျှတဲ့ အရာကို ဆိုလိုပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းကောင်းဟာ ယုံကြည်သူရော မယုံကြည်သူရော ပြီးတော့ ယေရှုကို သိတဲ့သူရော မသိတဲ့ သူရော အားလုံးအတွက် ရှိနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့ ကြားရတဲ့ သတင်းကောင်း အကြောင်းကို ဝေမျှချင်တဲ့ သူများ ရှိပါသလား။
 ဝေငှခံရသူ – အရမ်းခင်တဲ့ သူငယ်ချင်း ရှိပေမယ့် ဘယ်လို ဝေမျှရမှန်း သေချာမသိ ပါဘူး။
- ဝေငှသူ – အဲလို ဝေမျှတာက မိတ်ဆွေအတွက် ခက်မယ်ဆိုရင် ကျွန်ုပ်တော်တို့ ကူညီပေးပါ့မယ်။ အဲဒီ သူငယ်ချင်း ဆီမှာလည်း ဒီသတင်းကောင်းကို ထပ်ပြီး ဝေမျှချင်တဲ့ လူရှိရင် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ။ ကျွန်တော်တို့က အဲဒီ လူတွေ ဆီကို အလည်အပတ် သွားရင်း သတင်းကောင်းကို  ဝေမျှပေးပါ့မယ်။
 ဝေငှခံရသူ – ဟုတ်ကဲ့ပါ။
- ဝေငှသူ –  ဟုတ်ကဲ့။ ဒါဆိုရင် ဒီတစ်ပတ် တနင်္ဂနွေ မနက် ၁၀နာရီခွဲမှာ အိမ်ရှေ့မှာ လာစောင့်နေပါ့မယ်။
 ဝေငှခံရသူ – တကယ်ကို ကျေးဇူးတင်ပါတယ်။
- ဝေငှသူ –  မိတ်ဆွေ၊ မိတ်ဆွေနှင့်အတူ ကျွန်တော်ဆုထောင်းပြီး သွားပါတော့မယ်။ အတူတကွ ဆုတောင်းပေးဖို့ ဆုတောင်းချက်တွေ ရှိပါသလား။
 ဝေငှခံရသူ – မိသားစုတွေ အားလုံး ကျန်းမာဖို့ အတွက် ဆုတောင်းပေးပါ။
- ဝေငှသူ –  ဒါဆိုရင် ကျွန်တော်က ဆုတောင်းပါ့မယ်။
 “အဖ ဘုရားသခင် ဒီကနေ့ ဒီမိတ်ဆွေနှင့် တန်ဖိုးရှိသော မိဿဟာယ ဖွဲ့ခွင့်ကို ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီမိတ်ဆွေရဲ့ ယုံကြည်ခြင်းကို ကျန်းမာစွာ ကြီးထွားလာစေဖို့ ကူညီ မစတော်မူပါ။ (ကျွန်တော်လည်း ဒီမိတ်ဆွေရဲ့ ဆုတောင်းချက်တွေ အတွက် ဆုတောင်းပါတယ်) ဒီတပတ် တနင်္ဂနွေနေ့မှာ တွေ့ဆုံပြီး အတူတကွ ဝတ်ပြုကိုးကွယ်တဲ့ အခါမှာ ပျော်ရွှင်မှုတွေ ပြည့်လျှံ စေဖို့ မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်”
 ဝေငှခံရသူ – တကယ့်ကို ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းပြန်ပါ။
(ဃ) တနင်္ဂနွေ ဝတ်ပြုစည်းဝေး ပါဝင်ရန် ချိန်းဆိုချက်ကို အတည်ပြုခြင်း
(င) အဆုံးသတ် ဆုတောင်းခြင်း
§

 
								
								
															 
								
								
															 
								
								
															 
								
								
															 
								
								
															 
								
								
															