« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန် Evangelism Guide

 

ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)

သင်တန်းမှတ်စု
 

နိဒါန်း Introduction

 

အမှုတော် လုပ်ငန်းအတွက် ကြိုးပမ်းလုပ်ဆောင်ပါ

ဧဝံဂေလိ ဆင့်ပွါး သင်တန်းဆိုင်ရာ စာအုပ်စာပေနှင့် တန်ဆာပလာ ပစ္စည်းများသည် သင်တန်းသား အများစု၏ သင်ကြားရေး အဆင့်နှင့် ဆီလျှော်မှု ရှိအောင်ပြုလုပ် ထားပါသည်။ သင်သည် တန်ဆာပလာ ပစ္စည်းများက ပိုင်နိုင် ကျွမ်းကျင်အောင် ပြုလုပ်ပြီးသတင်းကောင်း ဝေမျှခြင်း စွမ်းရည်မြင့်မား လာအောင်၎င်း၊ အခြားယုံကြည် သူများအားလည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်အောင် လေ့ကျင့်ပေးခြင်းကို၎င်း စွမ်းဆောင်နိုင်ပါသည်။ အိမ်စာနှင့် အလုပ်တာဝန်တိုင်း၌၎င်း၊ လက်တွေ့ လေ့ကျင့်မှုတိုင်း၌၎င်း၊ ပို့ချမှုတိုင်းနှင့် လက်တွေ့ကွင်းဆင်း သင်တန်းတိုင်း၌၎င်း နိုင်နိုင်နင်းနင်းဖြင့် တက်ကျွမ်းအောင် လုပ်ဆောင်ပါ။
 
အချိန်ကို ဦးစားပေးပါ

လူတိုင်း၌ တပတ်တွင် ၁၆၈နာရီ ရရှိကြ၏။ အဘယ်ကြောင့် အချို့သော ပုဂ္ဂိုလ်များသည် အခြားသူများထက် ပို၍လုပ်ငန်းပြီးမြောက် ကြပါသနည်း။ ထိုကဲ့သို့ ပို၍ အောင်မြင်တိုးတက် ကြရခြင်းမှာ သူတို့အနေဖြင့် မည်ကဲ့သို့ ဦးစားပေး အစီစဉ် သတ်မှတ်ရမည်ကို သိကြခြင်းကြောင့် ဖြစ်နိုင်ပါသည်။ မိမိတို့၏ တပတ်တာ အစီအစဉ်များကို ရေးစွဲသတ်မှတ် သောအခါ မိသားစုနှင့် တန်ဖိုးရှိစွာ အချိန်ယူ ရမည့်အချိန်၊ အနားယူချိန်၊ လေ့လာသင်ယူချိန်၊ အိမ် အလည်အပတ် သွားရောက်ချိန်နှင့် အလုပ်လုပ်ချိန် များကိုဦးစားပေး အစီအစဉ် သတ်မှတ်ရန် မမေ့အပ်ပေ။
 
အရေးပေါ် ကိစ္စများနှင့် အသေးအဖွဲ့ကိစ္စများ မိမိ၏ ဦးစားပေး ဆောင်ရွက်ရမည့် အစီစဉ်ထဲသို့ ဝင်ရောက် လာခြင်းဖြင့်မိမိ၏ အရေးကြီးသော ကိစ္စများပြီးမြောက်မှု မရှိအောင် ဆီးတားနှောင့်ယှက် နိုင်ပါသဖြင့် ထိုသို့သော အရေးပေါ်နှင့် အသေးအဖွဲ့ ကိစ္စများကို ခွင့်မပြုမိရန် ဂရုပြုရပါမည်။
 
ဝိညာဉ်ရေးရာ ဆန့်ကျင်တိုက်ခိုက် မှုများကို မျှော်လင့်ထားလျက် မိမိကိုယ်ကို အကာအကွယ် ယူထားပါ

စာတန်မာရ်နတ်သည် သင့်အသင်းတော် လုပ်ငန်းများကို လုံးဝဂရုမစိုက်ပါချေ။ အမှန်မှာ သင်သည် ဧဝံဂေလိ တရားဟောပြောခြင်း၊ ခရစ်တော်ထံ လူများကို ပို့ဆောင်ခြင်း၊ ဝိညာဉ်ရသူများအား လေ့ကျင့်တပ်ဆင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည့်အစား အသင်းတော်၏ ပုံမှန် လူပ်ရှားမှုများတွင် ဝန်ပိနေပြီး နာရီပေါင်းများစွာ အချိန်ပေး နေရခြင်းကို စာတန်သည် ပျော်ရွှင်ဝမ်းမြောက် နေပါသည်။ အသင်းတော်၏ ပုံမှန် လှုပ်ရှားမှုများကို လုပ်ဆောင်နေရာမှ မဟာစေခိုင်းချက် အမှုတော်မြတ်ကြီးကို လုပ်ဆောင်ရန်ရှေ့သို့ ခြေလှမ်းလှမ်း တိုက်ပွဲဆင်နွဲ လာသည်နှင့် သင်သည် စာတန်၏ ဆန့်ကျင်တိုက်ခိုက်မှုကို ဧကန်အမှန် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့သော် သင့်အထဲ၌ ရှိတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် စာတန်ထက်ပို၍ တန်ခိုးကြီးတော်မူကြောင်း ဘုရားသခင်၏ ကတိတော်ကို ရယူ ကြေငြာပါ။ (၁ ယော ၄း၎)
 
မိမိကိုယ်၌ သည်းခံမှု စိတ်ရှည်မှု ရှိပါစေ

အချို့သော သင်တန်းသားများသည် သင်ခန်းစာများကို လျင်မြန်စွာ ကျွမ်းကျင် တတ်မြောက် ကြသော်လည်း အခြားသူများ မှာမူ အချိန်ပို၍ ကြာကြာယူရ တတ်ကြပါသည်။ သင်လည်းအချို့သော အရာများကို မေ့သွားမည်ဖြစ်သည်။ တစ်ခါတစ်ရံ ဖြတ်လမ်းနည်းကို အသုံးပြု၍ သွေးဆောင်ခြင်း ခံရပါမည်။ “ငါဘယ်တော့မှ ရမှာ မဟုတ်ပါဘူး” ဟူ၍ မိမိကိုယ်ကို ပြောနေသံကိုလည်း ကြားရပါမည်။ သို့သော် သင် ရကို ရရမည် ဖြစ်သည်။ စိတ်ရှည်စွာနှင့် စွဲမြဲစွာဖြင့် လုပ်ဆောင်ပါ။ သင်လိုအပ်သော သင်ယူ တတ်ကျွမ်းမှုကို ဘုရားသခင် သည် သူ့အချိန်တွင် ဆောင်ရွက်ပေးသွားပါမည်။ ဧဝံဂေလိ ပြန့်ပွားရေး အမှုတော် လုပ်ငန်းမှ သင့်အား ဆုံးရှုံးစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ “သင်တန်းမှ နားလိုက်ခြင်း” သာ ဖြစ်သည်။
 
သင်တန်း၏ ရူပါရုံ ထပ်ဆင့်ပြန့်ပွားခြင်း- ဆင့်ပွားတိုးပွား လာခြင်း

အကယ်၍ သင်သည် ဧဝံဂေလိပြန့်ပွားရေး အမှုတော်၌ လေ့ကျင့်သင်ယူ ပြီးသည့်နောက်တွင် အခြား သင်တန်းသား (၂)ဦးကို လေ့ကျင့်သင်ကြား ပေးပါက ဝိညာဉ်ရေးရာ ဆင့်ပွားတိုးပွားခြင်း၌ ပါဝင်နေပြီး ဖြစ်သည်။
 
ယင်းနောက် ထိုနှစ်ယောက် ကလည်း တစ်ဖန်အခြားသူ နှစ်ယောက်စီကို ထပ်ဆင့် လေ့ကျင့်သင်ကြားပေးပါက ဝိညာဉ်ရေးရာ ဆင့်ပွားတိုးပွားခြင်းသည် ဆက်လက် ရှင်သန် စီးဆင်းနေမည် ဖြစ်သည်။ အဘယ်သူ ပြောနိုင်မည်နည်း။ သင်၏ နာခံခြင်းနှင့် ပါဝင် လုပ်ဆောင် ခြင်းတို့ကြောင့် ဒါဇင်ပေါင်းများစွာသော လူများတို့သည် သက်သေခံသူများ အဖြစ် လေ့ကျင့် သင်ကြားပေးခြင်း ခံရမည်ဖြစ်ပြီး တက်ြကွစွာဖြင့် သတင်းကောင်းကို ဝေမျှသက်သေ ခံကြပါမည်။ ဤအချက်သည် မဖြစ်နိုင်သော အရာတစ်ခုကဲ့သို့ ထင်မှတ်ရမည် ဖြစ်၏။ သို့သော် သင်သည် အခြားသူများကို အစဉ်တစိုက် လေ့ကျင့်သင်ကြား ပေးမည်ဆိုပါက ထိုကဲ့သို့သော အကျိုးသက်ရောက် မှုမျိုးကို သင့်အသက်တာ၌ ရရှိနိုင်မည် ဖြစ်သည်။ ဝိညာဉ်များကို ရရှိခြင်းထက် ဝိညာဉ်ရရှိသူများအား လေ့ကျင့်သင်ကြား ပေးခြင်းအားဖြင့် သင်သည် ထာဝရ ကာလအတွက် ကြီးမားသော အကျိုးကို ရရှိအောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ဤမျှ တိုတောင်းသော ကာလတွင် သင့် အသက်တာ အားဖြင့် ဤကမ္ဘာလောက၌ ဤမျှလောက် ကြီးမားသော ထိရောက်သည့် အကျိုးပြုမှု ကြီးကို ပြုလုပ်နိုင်ကြောင်း စဉ်းစားဆင်ခြင် ကြည့်ပါသော် အလွန်စိတ်ဓါတ် တက်ကြွဖွယ်ပင် ဖြစ်တော့သည်။ အလုပ်ကို ကျိုးစားလုပ်ကိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို ရှာဖွေလုပ်ဆောင်ခြင်း၏ ဝမ်းမြောက်ခြင်းကို တွေ့ကြုံခံစားပါ။ ချီးမြှောက်လေးစား ဂုဏ်ပြုခြင်း မှန်သမျှကို ဘုရားသခင်ထံ ဆက်သပါလေ။

 


»» View in PDF adobe_pdf_file_icon_24x24

 


Scroll to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.