❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၁

၁း၂-၃ စာရေးသူမှာ ‘စုံစမ်း နှောင့်ယှက်ခြင်းများနှင့် တွေ့ကြုံရလျှင်’ ဟုမဆိုဘဲ ‘ထိုအချိန်များ၌’ ဟုဆိုခဲ့သည်။ ကျွန်ုပ်တို့၌ အခက်အခဲ၊ စုံစမ်းမှုများ ရှိလိမ့်မည်ဟု စာရေးသူက ယူဆ၍ ထိုအခြေအနေများမှ သင်ခန်းစာ အကျိုးအမြတ်တို့ကို ကျွန်ုပ်တို့သည် ရရှိနိုင်သည်။ နာကြင်မှုများကို တွေ့ကြုံရသော အခါ၌ ကျွန်ုပ်တို့သည် ပျော်ရွှင်နေသည်ဟု ဟန်ဆောင်ရန် မဟုတ်ပါ။ ထိုအခက်အခဲများမှ ကျွန်ုပ်တို့ အသက်တာ၌ ဖြစ်ပေါ်လာစေမည့် အရာများကို ဆင်ခြင်ခြင်းဖြင့်၊ ထိုအခက်အခဲများအပေါ်၌ အကောင်းဘက်မှ ရှုမြင်ရန် ဝမ်းမြောက်စရာ အကြောင်းသက်သက် ဖြစ်သည်ဟု ပြောထားသည်။ ခက်ခဲသောအချိန်များအား သင်ခန်းစာပေးသော အချိန်များဟု သတ်မှတ် ပြောထားသည်။ ခက်ခဲသော အချိန်များသည် သည်းခံခြင်းကို တိုးပွားစေသည် (ရောမ ၂း၇၊ ၅း၃-၅၊ ၈း၂၄-၂၅၊ ၂ ကောရိန္တု ၆း၃-၇၊ ၂ ပေ ၁း၂-၉)။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.