❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၃၃ နှစ်ခြင်းဆရာ ယောဟန်၏ နှစ်ခြင်းမင်္ဂလာပေးခြင်းသည် အသက်တာ၌ ပြင်ဆင်မှုတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေ၌ နှစ်ခြင်းမင်္ဂလာသည် နောင်တရခြင်း၊ အပြစ်များကို ဆေးကြောခြင်းကို ပုံဆောင်သည်။ ယေရှုမူကား သန့်ရှင်းသောဝိညာဉ်၌ နှစ်ခြင်းကို ပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သောသူ အားလုံးတို့အပေါ်သို့ စေလွှတ်တော်မူခြင်းအားဖြင့် သူတို့သည် ကယ်တင်ခြင်း တရားတော်ကို လိုက်လျှောက်သောသူများ၊ သင်ကြားသော သူများဖြစ်အောင် တန်ခိုးကို ဖြစ်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့််ဝခြင်းသည် ယေရှု ရှင်ပြန် ထမြောက်ပြီး ကောင်းကင်သို့ ပြန်ကြွပြီး နောက်တွင် ဖြစ်ရသည် (ယော ၂၀း၂၂၊ တမန် ၂)။

၁း၃၄ နှစ်ခြင်းဆရာ ယောဟန်၏ တာဝန်မှာ လူတို့အား ယေရှုကိုညွှန်ပြ ပေးရန်ဖြစ်သည်။ ယေရှုသည် လူတို့ ကြာမြင့်စွာ စောင့်ဆိုင်းနေရသော မေရှိယပင်ဖြစ်သည်။ လုံခြုံသောဤကမ္ဘာ၌ အသက်ရှင်နေကြသော ကျွန်ုပ်တို့သည် လုံခြုံမှုကို ပေးနိုင်မည့်သူကို ရှာဖွေနေကြသည်။ ကျွန်ုပ်တို့၏ တာဝန်မှာ လူသားတို့အား လုံခြုံမှုပေးနိုင်မည့် တစ်ဦးတည်းသော ခရစ်တော်ကို ညွှန်ပြပေးရန်ဖြစ်သည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.